{112}

5.6K 1K 47
                                    

Unicode

ချူချန်လေဆိပ်ဆင်းသည့် အချိန်၌ မနက်သုံးနာရီကျော်နေပြီဖြစ်ကာ အလွန်မှောင်မည်းနေ၏။သူသည် ကားရပ်သည်နှင့် ဖန်ယောင်ရွှမ်းရှိသည့် ဆေးရုံကို တန်းသွားခဲ့သည်။ဆေးရုံသွားတဲ့ လမ်းမှာပဲ ဖန်ယောင်ရွှမ်းရဲ့ အဖေကို ဖုန်းဆက်လိုက်၏။ညလယ်ခေါင်ကြီး ဖုန်းသံကြား၍ နိုးလာသည့် ဖန်ပါးပါးက ဒေါသထွက်နေတုန်း တစ်ဖက်လူရဲ့ အသံကို ကြားလိုက်ရသည်။

“ဖန်လီ...ခင်ဗျားသားက ကျုပ်ကောင်လေးကို ထိရဲတဲ့ အထိ သိပ်သတ္တိရှိနေတာပဲ ဘာလဲ ဖန်မိသားစုက ကျုပ်ကို မခန့်ကြတာလား?”

ထိုစကားတွေကြောင့် ဖန်လီက အံ့ဩတကြီးဖြင့် နံပါတ်စိမ်းကြီးကိုကြည့်၍ မေးလေသည်။

“မင်းဘယ်သူလဲ”

“ချူချန်”

အခုတော့ ဖန်လီ လုံးလုံးနိုးသွားချေပြီ။

“မင်းခုနကပြောတာ...”

“ကျုပ်ခုနကပြောခဲ့တာ? ကျုပ်ပြောသွားတာက ရှင်းရှင်းလင်းလင်းမဖြစ်သွားလို့လား? အာ...မရှင်းသေးရင်း  ရှင်းအောင်လုပ်ပေးဖို့ အသင့်ပါပဲ။ခင်ဗျားသားက သိပ်မိုက်လွန်းတယ်ဗျ၊သူက တစ်ဖက်လူကို     ကျုပ်အပိုင်မှန်းသိတာတောင် အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်။ကျုပ်ကတော့  တရားဝင်တွဲနေတဲ့ ကောင်လေးကို   မိဘတွေနဲ့ မိတ်ဆက်‌ပေးဖို့ အချိန်ကောင်း စောင့် နေတုန်းပဲရှိ‌သေးတာ။ ခင်ဗျားသားကြောင့် တကယ် အမေးဇင်းဖြစ်ရပါတယ်”

ဖန်လီမှာ ခေါင်းတွေကိုက်လာသည်။မိသားစုထဲမှာ ရှိတာမှ ဒီကလေးနှစ်ယောက်တည်း။အကြီးဆုံးက မိန်းကလေး။အေးအေးချမ်းချမ်းလေးနဲ့ ပညာသင်ပြီး ကုမ္ပဏီမှာ အလုပ်ဝင်နေပြီ။လက်လည်းထပ်ပြီးသွားပြီ။သူမအတွက် ဘာမှ စိတ်ပူပေးစရာမလိုခဲ့။ဒါပေမယ့် ဒုတိယသားကတော့ ကလေးဘဝတည်းက ရိုင်းစိုင်းလွန်းသည်။နောက် အရွယ်ရောက်လာပြန်တော့လည်း အနုပညာလောကထဲဝင်ချင်ပြန်တယ်။ဒါတွေတင် မ‌ကသေး။ သူက ယောင်္ကျားတွေကိုပဲ ကြိုက်တယ်လုပ်ပြန်တယ်!

ယောင်္ကျားတစ်ယောက်မှာ ဘယ်နေရာသွားကြိုက်စရာရှိလို့တုန်း!
ယောင်္ကျားတစ်ယောက်က နောက် ယောင်္ကျားတစ်ယောက်ကို ကြိုက်တယ်ဆိုတာက လုံးဝရောဂါရနေကြတာပဲလေ! အခုတော့ ကောင်းရော...သူများရဲ့ကောင်လေးကိုတောင် စိတ်ကူးယဉ်ပြီး အနိုင်သွားကျင့်နေပြီ! အထူးသဖြင့် အဲ့လူက ချူချန်ရဲ့ ကောင်လေးဖြစ်နေတာပဲ!
ဖန်လီမှာ ဒေါသထွက်လွန်းလို့ အသုံးမကျတဲ့ သားစုတ်ကို သူ့ရှေ့ဆွဲခေါ်လာပြီး ရိုက်ချင်နေတာ မထိန်းနိုင်တော့ပေ။သူ့သားကို နှစ်တွေအများကြီး ပျိုးထောင်ခဲ့ရတာက သူများကောင်လေးကို အနိုင်ကျင့်ဖို့ အတွက်လား!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now