{ 116}

5.8K 937 33
                                    

Unicode

တစ်ညလုံး ပျာယာခတ်ပြီးနောက် ချူချန်လည်း ပင်ပန်းနေပြီဖြစ်ကာ ကျိချင်းကျိုးနဲ့ စကားနည်းနည်းဆိုပြီးသည်နှင့်ကို အိပ်ပျော်သွားတော့သည်။ကျိချင်းကျိုးမှာတော့ အိပ်ပျော်နေသူကိုကြည့်၍ အစစ်အမှန်မဟုတ်သလိုပဲ ခံစားနေရသဖြင့် ချူချန်ခါးအား သိုင်းဖက်ထားပြီး ကိုယ်ပေါ်မှီထားရင်း  ဖြည်းညှင်းစွာ မျက်လွှာချလိုက်သည်။သို့သော် ခဏကြာတာနှင့် မျက်လုံး ပြန်ဖွင့်၍ ရှေ့ကလူကို ထပ်ကြည့်မိပြန်သည်။ ထို့နောက် မျက်လုံး ပြန်ပိတ်လိုက်၏။ ထို့နောက် မျက်လုံးပြန်ဖွင့်၍ ထပ်ကြည့်မိပြန်သည်။

ထိုကဲ့သို့ လေးခါလောက် ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးနောက် ကျိချင်းကျိုးမှာ သူ့အဖြစ်သူ သဘောကျစွာဖြင့် ရယ်မိလေတော့သည်။ပြုံးပြုံးလေး အိပ်ပျော်နေသည့် ချူချန်ကို မော့ကြည့်၍ ကိုယ်နည်းနည်းကြွကာ မေးစေ့ကို မော့နမ်းလိုက်ပြီးနောက် မျက်လုံး ပိတ်လိုက်တော့သည်။

ဒီတစ်ခါတော့ သူ့မျက်လုံးတွေ ထပ်မဖွင့်ဖြစ်ပါ။

ကျိုးချန်ဖုန်းက ကျိချင်းကျိုးကို လှမ်းနှိုးသည်။မိတ်ကပ်ပြင်ချိန်ထိ ထွက်မလာသူကြောင့် မနေနိုင်မထိုင်နိုင်နှင့် ဖုန်းဆက်သတိပေးလိုက်ရသည့် ကျိုးချန်ဖုန်းအဖြစ်ပင်။

“ရိုက်ကူးရေးအဆင်သင့်ဖြစ်နေပြီ။ထွက်လာတော့လေ”

ကျိချင်းကျိုးသည် ငူတူတူနှင့် အချိန်ကို တစ်ချက်ကြည့်လိုက်၏။နေ့လည် နှစ်နာရီတောင် ထိုးနေပြီဖြစ်သည်။သူ ထထိုင်ပြီး အိပ်ရာထခါနီးတွင် သူ့လှုပ်ရှားမှုကြောင့် အိပ်နေသည့် ချူချန်က မျက်လုံးပွင့်လာသည်။

“ဘာဖြစ်လို့လဲ”

“ကျွန်တော် ဇာတ်ကားသွားရိုက်ရတော့မယ်လေ။ဒါပေမယ့် ခင်ဗျားမထနဲ့ဦးနော်။ဆက်အိပ်နေဦး”

ချူချန်က ဆတ်ခနဲထထိုင်ပြီး အိပ်ချင်မူးတူးပြော၏။

“မင်းနဲ့လိုက်မှာ။မင်းမရှိရင် ကိုယ်အိပ်ပျော်နိုင်မှာ မဟုတ်ဘူး”°

သူသည် ထိုအကြောင်းပြောလိုက်ချိန်မှ အဖြစ်ပျက်တစ်ခုကို သတိရသွားကာ လက်ဆန့်၍ ကျိချင်းကျိုးမျက်နှာလေးကို ဆွဲညှစ်ချေသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now