ဝိုင်(ဇာတ်သိမ်းပိုင်း)

48.1K 1.3K 29
                                    

Unicode

တစ်နှစ်ကြာပြီးနောက်..

"သမီး ပိုးပိုး မနက်ဖြန်ဖေဖေနဲ့သွားတွေ့မှာ အိပ်တော့နော် "

"ဖေရီးရော"

"ဖေကြီးကဒါလေးပြီးမှအိပ်မယ်"

"ဖေရီးနဲ့တူအိပ်မှာ"

ဧည့်ခန်းကဆိုဖာပေါ်  နှစ်ချုပ်စာရင်းတွေ စစ်နေတုန်းသမီးက ဘေးကနေထိုင်ဆော့နေသည်။တစ်ယောက်ထဲထိုင်ဆော့ရတာ အားမရရင်သူ့ကျောပေါ်ဖက်တွယ်ကာ လာဆော့ပြန်သည်။အချိန်တစ်နှစ်ကုန်လာတာနဲ့အမျှ သူကိုယ်တိုင်ကလည်းလူရုပ်မပေါက်တော့။တစ်ယောက်သောသူဆီကစိတ်ရောက်နေတာမို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ပင်မတတ်နိုင်တော့။ မုတ်ဆိတ်မွှေးတွေ နဲ့ လူကလည်းပိန်ကျသွားကာ တကယ့်ဘိန်းစားရုပ်လုံးလုံးဖြစ်နေ၏။ကိုယ်က ကိုကို့ဆီနေ့တိုင်းသွားတွေ့ဖြစ်ပေမဲ့ သမီးကိုတော့တပတ်တခါသာ ခေါ်သွားရသည်။ကလေးဆိုတော့ သူ့ဖေဖေဖြစ်သူကိုမသိမှာလည်း စိုးရိမ်သည်။သမီးက အခုဆို၁နှစ်နဲ့၇လအရွယ်ဆိုတော့ စကားမပီတပီလေးပြောတတ်နေပြီ။

တစ်နှစ်ဆိုတဲ့ကာလအတွင်း ကိုကိုမရှိတဲ့နေ့ရက်တွေဖြတ်သန်းရတာ သူ့အတွက်မလွယ်ကူချေ။ဆူးခင်းလမ်းကိုလျှောက်ရသလို ခက်ခံပါသည်။သိမ့်ဝသုန်ခိုင်ဆိုတဲ့အမျိုးသမီးဟာလည်း သူ့လက်ချက်ဖြင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျကာ ဟိုကောင်ကတော့ သေဒဏ်ချလိုက်သည်။ခုဆိုဘယ်ဘဝရောက်နေပြီမသိ။အလေလွင့်ခွေးဘဝရောက်နေပြီထင်တယ်။ခုချိန်ထိတွေးလိုက်တိုင်း စိတ်တိုရသည်။ဖြူစင်လွန်းတဲ့ကိုကို့ကိုလုပ်ရက်ကြတာ။

ရှင်းသန့်ရာဇာဆိုတဲ့ကောင်လေးကိုတော့ ဇေယျာကသနားစိတ်ဖြင့် တာဝန်ယူထားသည်။လေပူတစ်ချက်မှုတ်ကာသမီးကိုအိပ်ဖို့ ချော့ပြောရဦးမည်။

"ဖေ့သမီး အိပ်တော့လေ မနက်ဖြန်ကျရင် ပိုးပိုးဖေဖေနဲ့သွားတွေ့လို့မနိုးရင် ဖေကြီးကမခေါ်ဘူးဗျ"

"ဖေရီး ညစ်ပတ်"

"အဲ့ဒါဆို အိပ်တော့ ဖေကြီး ပုံပြင်ပြောပြမယ်"

"ဟုတ်"

သူ့အပြောကိုသဘောတူသည့် သမီးက ခေါင်းကိုတစက်စက်ငြိမ့်ပြသည်။အသည်းယားလာတာကြောင့် ပါးဖောင်းဖောင်းလေးအားမနာအောင် ကိုက်လိုက်သည်။သမီးအခန်းထဲသွားကာ စာအုပ်စင်မှ English စာလိုရောမြန်မာစာလိုရော နှစ်မျိုးပါသည့်ရုပ်ပြစာအုပ်လေးကိုယူလိုက်သည်။ အိပ်ချိန်မှန်နေပြီဖြစ်တဲ့ သမီးကိုအခန်းခွဲပေးထားသည်။မိုးတွေသည်းကြီးမည်းကြီးရွာတဲ့အချိန်ဆို သမီးကကြောက်တတ်တာမို့အဲ့လိုအချိန်တွေဆိုရင်တော့ သူနဲ့သာခေါ်အိပ်ဖြစ်သည်။မိန်းကလေးဆိုတော့ အခန်းလေးကိုအပန်းရောင်လေးသုံးထားသည်။ကြမ်းပြင်မှာလည်း ကစားစရာတွေအပြည့်။ကိုကိုသာမြင်ရင် ပျော်မှာအသေအချာပင်။သူ့ကိုဖေဖေလို့ ခေါ်တတ်နေတာသိရင်လည်းပျော်မှာ။လွမ်းလှပါပြီကိုကိုရယ်..

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now