22

12K 663 101
                                    

Unicode





"မေမေ အဲ့ကိုတကယ်လိုက်သွားမှ ဖြစ်မှာလားဟင်''

ချစ်စရာကောင်းလောက်အောင် မျက်လုံးဝိုင်းလေးနဲ့ သားငယ်က သူမအားမသွားစေချင်ဟန် ။ မျက်ဝန်းလေးများနဲ့တားရှာသည် ။ ချို အချိုသာဆုံးပြုံးလိုက်ပြီး သား၏ခေါင်းကိုခပ်ဖွဖွ ပွတ်လို့ ။

"မေမေလဲ လိုက်မသွားချင်ပါဘူးသားရယ် ဒါပေမဲ့ သားဖေဖေကခေါ်မှတော့ ငြင်းလို့လဲမကောင်းဘူးလေ မေမေလဲဒီသားလေးကို ဘယ်ခွဲချင်ပါ့မလဲကွယ်''

"စင်ကာပူက အဝေးကြီးဘဲဆိုတော့ အကြာကြီးခွဲရမှာပေါ့ သားမှမေမေနဲ့ မခွဲနိုင်တာ''

ကလေးဆန်စွာ နှုတ်ခမ်းစူပြီးပြောလာတဲ့သားကိုကြည့်ပြီး သူမသဘောကျစွာ ရီမိသည် ။မအေကို ချွဲနေလိုက်တာများ။

"မေမေလဲ သားကိုခေါ်သွားချင်ပါတယ် သားကကျောင်းတက်ရမှာဆိုတော့ မတတ်နိုင်ဘူးလေ သားလေးကလိမ်မာပါတယ် သားကိုကိုလဲရှိတာဘဲဟာ အခုတလော သားကိုကိုကသားကို အမြင်ကြည်လာသလိုဘဲနော်''

"ဟွန့်...သားကမေမေနဲ့ဘဲ နေချင်တာ ''

"ကဲပါသားရယ် မေမေလဲအခုမသွားသေးပါဘူး သပတ်ခါမှသွားမှာပါကွယ် မသွားခင်မေမေကို သားကအဝချွဲထား ဟုတ်ပြီးလား''

"ဟွန့်.....''

ချော့နေပေမဲ့ သားလေးကအကောက်မပျက်ပေ အခုတလော ဒီကလေးစိတ်ကောက်တတ်လာသည် ။ အရင်ကလို လူကြီးလေးယောင်ဆောင်မနေတတ်တော့ဘဲ မကျေနပ်ရင် နှုတ်ခမ်းလေးစူလာတတ်ပြီ ။

"မြူဒေါင်းငယ်....''

"ဟင်....ကိုကို''

မေမေ့အား စိတ်ကောက်ပြနေတုန်း ကိုကိုကအခန်းဝမှ သူ့အားခေါ်လာတာကြောင့် လှည့်ထူးလိုက်မိ၏ ။ ခုနမကြည်တဲ့စိတ်ကလေးကပါ အငွေ့ပျံသွားလေပြီ ။

"လာအုံး ဒီကို''

"ဟုတ်....''

ကိုကို့စီ ခပ်သုပ်သုပ်လေးသွားလိုက်ပြီး မျက်ဝန်းဝိုင်းတွေနဲ့ ကိုကို့အားမော့ကြည့်မိသည် ။ ကိုကိုကတော့ ခဏအကြာလောက်အထိဘာမှမပြောဘဲ သူ့ကိုမတ်တပ်ရပ်ကြည့်နေသေး၏ ။ မြူနဲ့ကိုကိုရဲ့ အရပ်အမောင်းကအတော်လေးကွာပါသည် ။ ၆ပေကျော်ရှိတဲ့ ကိုကို့ကို ၅ပေကျော်ကျော် မြူလေးကမော့ကြည့်နေရသည်လေ ။ နောက်ပြီး ကိုကို့ရဲ့ခန့်ညားမှုတွေကိုလည်း ငေးကြည့်ရင်းနဲ့သာ ပြုံးချင်လာသလိုပင် ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now