Ch 556 to Ch 560

181 20 2
                                    

Chapter 556 - ဓားဆွဲထုတ်မှတ် သန်းတစ်သောင်း

"ဘုရင်က သေသွားပြီ။ ဘုရင် သေသွားပြီ"

၀မ်ကျိုးမြို့တော် ခံစစ်တံတိုင်းအောက်မှာရှိနေတဲ့ နတ်ဆိုးသားရဲတပ်ဖွဲ့ကြီးက ဒီမြင်ကွင်းကိုမြင်လိုက်တော့ သူတို့တွေက ဖရိုဖရဲဖြစ်ကာ ကျယ်လောင်စွာ အော်ဟစ်နေခဲ့ကြတယ်။

"ငါ့မှာသာ ဓားတစ်ချောင်းရှိမယ်ဆိုရင် ငါက လောကကြီးကိုတောင် ရှင်းပစ်နိုင်တယ်"

နတ်ဆိုးသားရဲတပ်ဖွဲ့ကြီး ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာပဲ လွှမ်းမိုးနိုင်လွန်းတဲ့ အသံတစ်သံက ထွက်ပေါ်လာခဲ့တယ်။

နတ်ဆိုးသားရဲတွေအနေနဲ့ သူတို့တွေက အန္တရာယ်များတဲ့ အခြေအနေကိုရောက်နေပြီဆိုတာကို နားလည်လိုက်တယ်။

"၀ှစ်"

ကြောက်မက်ဖွယ်ကောင်းတဲ့ဓားအလင်းတစ်ခုက နတ်ဆိုးသားရဲတွေဆီကို ​ဦးတည်ပြေး၀င်လာခဲ့တယ်။

နတ်ဆိုးသားရဲတပ်ဖွဲ့ကြီးကလည်း ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအလင်းကိုကြည့်ပြီး လုံး၀ကိုထိတ်လန့်သွားခဲ့ကြတယ်။

"၀ုန်း"

ရုတ်တရက် ကျယ်လောင်တဲ့အသံကြီးကို လူတိုင်းကြားလိုက်ရတယ်။

အင်ပါယာယီယွင်လည်း ဒီမြင်ကွင်းကိုကြည့်ပြီး အဆောတလျင် အမိန့်ပေးလိုက်တယ်။

"အဆုံးအဖြတ် သတ်ပွဲ"

အင်ပါယာယီယွင်ရဲ့အမိန့်သံဆုံးတာနဲ့ ၀မ်ကျိုးမြို့တော်ခံစစ်တံတိုင်းက ၀င်ပေါက်သုံးဆယ်လုံး ကျယ်လောင်စွာ ပွင့်လာခဲ့တယ်။

အဲ့ဒီ့ ၀င်ပေါက်တွေကနေ စစ်သည်တွေ ၊ စိတ်၀ိဉာဥ်ပညာရှင်တွေ ပြေးထွက်လာကြတယ်။

သူတို့တွေက နတ်ဆိုးသားရဲတွေနဲ့ အဆုံးအဖြတ် တိုက်ပွဲကိုစတင်ဖို့ အသင့်ဖြစ်နေပါပြီ။

ဒီတကြိမ်မှာတော့ အထူးနတ်ဘုရားစွမ်းအားက အနည်းဆုံး တစ်ရက်နဲ့တစ်ည အသုံးပြုနိုင်တာပါ။ဒါ့ကြောင့် ယန်ချီက လေထဲကနေ မြေပေါ်ကိုခုန်ချပြီး နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ဖို့ပြင်လိုက်တယ်။သူ့ရဲ့ခုန်ချမှုကြောင့် မြေပြင်ပေါ်မှာ ကျင်းကြီးတစ်ခုဖြစ်သွားခဲ့ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now