30

10.5K 771 113
                                    

unicode version

လူသံ၊ကားသံ၊ ဆူညံသံတွေနဲ့အတူ ကားရှည်ကြီးတွေ အများအပြားတန်းစီပြီးရပ်ထားတဲ့ ကားဂိတ်တစ်ခု။
ကားဆီနံ့အပြင် လမ်းဘေးဆိုင်တွေရဲ့ တထောင်းထောင်း
ထနေတဲ့ ညော်နံ့ကိုလည်းရနေသည်။

အချိန်က မနက်စောစော ၇နာရီဝန်းကျင်မို့
ကားဂိတ်တွင် လူများရှုပ်ထွေးများပြားနေပြီး
ကားပေါ်တက်သူများကလည်း အသီးသီးတက်ကုန်ကြပြီ
ဖြစ်သည်။

ရိပေါ် လက်ထဲက ကားလက်မှတ်နှစ်စောင်ကို ကိုင်ပြီး
မျက်လုံးကိုအလုပ်ပေးကာ စီးရမဲ့ကားကို ရှာလိုက်သည်။
တွေ့ပြီဆိုတာနဲ့ ပါလာတဲ့ အထုတ်တွေကို အရင်သွားတင်လိုက်သည်။ ပြီးမှ ကားဘေးမှာစောင့်ရင်း
ကျန်နေခဲ့တဲ့ ရှောင်းကျန့်နဲ့ သားလေးကိုသွားခေါ်ရသည်။

ဒီနေ့တော့ သူရော သူ့အပိုင်လေးအပြင် အပိုဆုဖြစ်တဲ့
သားလေးပါ ရိပေါ်ရဲ့မွေးရပ်ဇာတ်တိက
အိမ်ကိုပြန်ကြမှာဖြစ်သည်။
ဒါကြောင့် မနက်စောစောကတည်းက သူတို့အကုန်
ကားဂိတ်ကို ရောက်နေကြသည်။

"ရှောင်းကျန့် လာ ကားပေါ်တက်ကြမယ် "

Hodie အနီလေးကို ဂျင်းအမဲလေးနဲ့ တွဲဝတ်ထားပြီး
လည်ပင်မှာ မာဖလာအညိုလေး ပတ်ထားတဲ့
ရှောင်းကျန့်က မနက်ခင်းစောစော အချမ်းပိုနေချိန်မို့
နှာခေါင်းထိပ်လေးနီနေပြီး ယုန်လေးနဲ့ တူနေသည်။
လက်ပေါ်က သားလေးကတော့ ဝက်ဝံလေးတွေပါတဲ့
အနွေးထည်အဖြူအမဲ ဝမ်းဆက်ကို
ဝတ်ပေးထားပြီး ခေါင်းမှာလည်း ဝက်ဉီးထုပ်လေး
ဆောင်းထားတာမို့ ချစ်စရာလေးဖြစ်နေသည်။
လူတစ်ချို့ကတောင် သားလေးနဲ့ရှောင်းကျန့်ကို
ချစ်စရာလေးဆိုတဲ့ အကြည့်နဲ့ကြည့်သွားကြသည်။

"အင်း နေရာချပြီပြီးလား "

"ပြီပြီး။ လာ သားကိုပေး ကားပေါ်တက်ကြမယ် "

သားလေးကို ရှောင်းကျန့်လက်ကနေ
ပြောင်းချီလိုက်သည်။ ထို့နောက် ရှေ့ကနေ ကားပေါ်ကို
အရင်တက်သွားလိုက်တော့ ရှောင်းကျန့်က
နောက်ကနေကပ်ပါလာသည်။

ကားပေါ်ရောက်တာနဲ နေရာမှာဝင်ထိုင်လိုက်သည်။
ဆောင်းတွင်းမနက်စောစောဖြစ်သည့်အပြင်
လေစိမ်းအနည်းငယ် တိုက်ခံလိုက်ရတော့
သားလေးနာခေါင်းမှာ နှာရည်အနည်းငယ်ယိုနေပြီ
ဖြစ်သည်။

My very bad husband  belong to meWhere stories live. Discover now