CH 68

2.9K 452 39
                                    

ရှဲ့ဟယ် ချူရှင်းကို တောက်ပသောအပြုံးများနဲ့မော့ကြည့်လိုက်ပြီး  .......

"ချူတကောက  ကျွန်တော့်ကို မမှတ်မိဘူးလား......ကျွန်တော် ရှောင်ယန်ပါဗျ....."

ချူရှင်း ပြန်တောင်မဖြေနိုင်တော့ဘဲ မယုံနိုင်သောအကြည့်များဖြင့်သာ ကြည့်နေခဲ့မိတယ်....

ဘာ့ကြောင့်လဲ....ဘာ့ကြောင့် မင်းကြီးက သူကိုယ်သူ ချန်ယန်လို့ ထင်နေရတာလဲ....ဒါလုံးဝကို အဓိပ္ပါယ်မရှိဘူး.......

ရှဲ့ဟယ်က ချူရှင်းရဲ့ ဝတ်ရုံလက်စကို ဆွဲလိုက်ပြီး....

"ချူတကော....ဘာလို့ ပြန်မဖြေတာလဲ....."

" ကိုယ်...ကိုယ် မင်းကိုဒီမှာ တွေ့လိုက်ရလို့ အံ့သြသွားလို့ပါ....."

ရှဲ့ဟယ် မျက်မှောင်ကြုံ့လိုက်ပြီး.....

"ကျွန်တော်လည်း အရမ်းအံ့သြနေတာ...နိုးလာတော့ ဒီကိုရောက်နေတယ်လေ...ပြီး​တော့ ဟိုလူကြီးက ကျွန်တော့်ကို မပြန်စေချင်ဘူးတဲ့.....ကျွန်တော် ဘယ်ကိုရောက်နေတာလဲဟင်....."

" ဒါ...တော်ဝင်နန်းတော်ထဲမှာပါ...."

ရှဲ့ဟယ် အံ့သြသွားတာကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး.........

"ကျွန်တော် အိမ်မှာရှိမနေဘဲ ဘာလို့နန်းတော်ထဲရောက်နေရတာလဲ.....ထားလိုက်ပါတော့ ခိူတကော ပြန်ရောက်ပြီဆိုတော့ ကျွန်တော့် တကောလည်း ပြန်ရောက်ပြီပေါ့နော်.....သူဘာလို့ ကျွန်တော့်ကို လာမတွေ့တာလဲဟင်....."

ရှဲ့ဟယ်အပေါ်  ချန်ချုံ ဘယ်လိုသဘောထားနေမှန်း သိနေတာကြောင့် ရှဲ့ဟယ်ရဲ့ မျှော်လင့်တကြီး အကြည့်တွေကို ချူရှင်း ရင်မဆိုင်ဝံ့တော့ဘူး.....

" မင်းရဲ့တကောကတော့ ပြန်မလာရသေးဘူး.....ကိုယ်ကတော့ အရေးကြီးကိစ္စရှိလို့ အရင်ပြန်လာဖြစ်ခဲ့တာ...."

ရှဲ့ဟယ် စိတ်မကောင်းဖြစ်သွားပေမယ့် ချူရှင်းကို ချက်ချင်းပြုံးပြလိုက်ပြီး.....

"ကျွန်တော် ဒီမှာ မနေချင်ဘူး....ချူတကော ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါလား....."

ဘေးနားမှာ တချိန်လုံးရပ်ကြည့်နေတဲ့ ယန်ရှန်းလည်း မနေနိုင်တော့တာကြောင့် ရှဲ့ဟယ်ကို ဖြောင်းဖြလိုက်ရတယ်.........

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now