" အကိုမှားသွားပြီ အကိုချန်...ကျွန်တော်က မြှောက်ပြောနေတာမဟုတ်ပါဘူး...အကိုတို့နှစ်ယောက် တူတယ်လို့ ကျွန်တော်တကယ်တွေးမိလို့ပါ...အခုသာ အကိုက မကြမ်းတမ်းဘဲ နတ်ဆိုးပုံစံသာပေါက်မနေရင် ချစ်စရာဇနီးလေးနဲ့ကလေးလေးတောင် ရှိချင်ရှိနေတော့မှာ..."
ချွီချန်တစ်ယောက် သူ့လက်ကို မြှောက်ကာ အားစီရဲ့နဖူးကို ခေါက်ထည့်လိုက်လေသည်။ သို့သော် အားစီကတော့ ဆက်ပြောလေသည်။
" အကိုမတွေးမိဘူးလား? အကိုတို့နှစ်ယောက်ရဲ့မျက်လုံးတွေက ပုံစံကွက်နဲ့ပုံသွင်းထားသလို တစ်ပုံစံတည်းပဲဆိုတာ...အကို ဓာတ်ပုံထဲ သေချာကြည့်ကြည့်...ဒီကလေးက အကိုနဲ့ သွေးသားမတော်စပ်ဘူးဆိုတာ ဘယ်သူကမှ ယုံမှာမဟုတ်ဘူး"
ထိုစကားလုံးတွေက ချွီချန်ကို ကြက်သေသေသွားစေပြီး သူက ပြုံးရယ်နေတဲ့ wowo လေးကို အချိန်အတော်ကြာ စိုက်ကြည့်လေသည်။
" ပေါက်စီလေးက တကယ်ပဲ ငါနဲ့တူတယ်လား?"
သူက လူတွေရဲ့အာရုံငါးပါးနဲ့ပတ်သက်ပြီး သိပ်ထွေထွေထူးထူးခံစားချက်တွေမရှိပါဘူး။ သူ့ရဲ့ မကြာသေးခင်မှ တွေ့ခဲ့တဲ့အချို့လူသားနဲ့ သူရင်းနှီးတဲ့လူတချို့ကလွှဲလို့ တခြားလူတွေရဲ့ပုံရိပ်ကို လုံးလုံးတောင်သတိမထားမိလေဘူး။ သူက မှန်ပုံမှန်ကြည့်လေ့ရှိတယ်ဆိုပေမယ့် သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့် ထိုကိစ္စနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။
" အမ်...အဲ့တာက လုံးဝအတိအကျကြီး တူတယ်လို့ပြောလို့မရပေမယ့်လည်း အံ့တော့ အံ့သြစရာကြီးဗျ"
အားစီက သူ့ပါးကို ထိလိုက်ပြီး တွေးဆကာ စကားဆက်လာ၏။
" အကိုချန် အကိုသိလား...ကျွန်တော်လေ အဲ့ဒီကလေးကို ပထမဆုံးတွေ့တုန်းက တကယ်ကို အကို့ရဲ့သားလို့ တွေးခဲ့တာဗျ...သူက တရားမဝင်ကလေးတစ်ယောက်ပဲ...ပိုပြီး မယုံနိုင်စရာကောင်းတာက အဲ့ဒီကလေးကို Mr.Xu က ခက်ခက်ခဲခဲနဲ့ မွေးစားခဲ့တယ် ...တစ်နည်းအားဖြင့် အကို တခြားမိန်းမတစ်ယောက်နဲ့လုပ်ပြီး ပေါ်လာတဲ့ အဲ့ဒီမျိုးစေ့ရိုင်းလေး...အာ့..ကျွန်တော့်ကို မရိုက်နဲ့လေ ! နာတယ်ဗျ..."
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
