ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း

2.4K 357 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၁၂ ။ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း

ထောင်မု၏ နေ့လည်ခင်းအခန်းမှာ အမျိုးသားဇာတ်လိုက်က မျက်နှာဖုံးတစ်ခုနှင့် သူ့ကိုယ်သူဖုံးကွယ်ပြီး မိစ္ဆာဂိုဏ်းထဲ ခိုးဝင်သည့် ဇာတ်ဝင်ခန်းဖြစ်သည်။ သို့ပေမဲ့ မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် မုဟွားထင်က သိရှိသွားပြီး နှစ်ယောက်သား သူ့ထက်ငါဦးအောင် တိုက်ခိုက်ကြရမှာဖြစ်သည်။ ဤအခန်းမှာ တတိယအမျိုးသားသရုပ်ဆောင်၏ မျက်နှာပါရမည်ဖြစ်တာကြောင့် အကောင်းဆုံးရိုက်ကူးရေးရလဒ်ရဖို့ အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ကို မုဟွားထင် ကိုယ်တိုင်တိုက်ခိုက်ဖို့ပါပဲ။

မုဟွားထင်မှာ တမနက်ခင်းလုံး ငြင်းဆန်နေပေမဲ့ စတန့်သုံးမည့် သူ့တောင်းဆိုချက်ကို ဒါရိုက်တာချန်ဆီက သဘောတူညီမှု မရခဲ့။ ဝိုင်ယာကို ဝတ်နေရင်း သူ့မျက်နှာအခြေအနေမှာ ဝမ်းချုပ်နေသလို ရုပ်ဆိုးနေသည်။ သူက ထောင်မုကို ကြောက်လန့်ထိတ်ပျာလျက်ကြည့်သည်။ အစောပိုင်းက ကိစ္စအတွက် ဤဇာတ်ဝင်ခန်းကို အသုံးချပြီး သူ့ကိုရိုက်နှက်ကာ လက်စားချေလာမည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။

ရလဒ်အနေနှင့် ရိုက်ကူးရေးအတွင်း ထောင်မုမှ ဓားနှင့် ထိုးသွင်းသည့်လှုပ်ရှားမှုမျိုးလုပ်ချိန်တိုင်း မုဟွားထင်က အသေအချာပင် ယုန်တစ်ကောင်လို အနောက်လှည့်ကာ သုတ်ခြေတင်ပြေးလိမ့်မည်ဖြစ်ပြီး သူရွေ့လျားသည့်အရှိန်မှာ ကင်မရာတောင်မှ အလင်းအရိပ်ငွေ့ကိုသာ ဖမ်းယူနိုင်လေသည်။ ဤနေရာတွင် မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်မှာရှိနေသင့်သည့် ဝင့်ကြွားသည့် စိတ်ကြီးဝင်ဟန်နှင့် ခြိမ်းခြောက်နိုင်ဖွယ် အရှိန်အဝါတို့ ရှိမနေပါချေ။

......ဒီလောက်တောင် ကြောက်နေတာ။ ဒီအခန်း ဘယ်လိုရိုက်ကြတော့မလဲ?

ချန်ယိချမ် ဆက်ပြီး သည်းမခံနိုင်တော့ပေ။ အစဉ်အတိုင်း "cut" ရှစ်ခါ အော်ပြီးနောက် သူက လော်စပီကာကောက်ကိုင်ပြီး ပြောတော့သည် "မုဟွားထင်၊ မင်း ဒီကို ဟာသကားရိုက်ဖို့လာတာလား?"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now