Part - 44 ( Zg + Uni)

4.8K 306 17
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 44  )

" အဟမ်း..... ဟမ်း... ဟမ်း...!! "

ထက်ထက်နဲ့ ကန်တင်းထိုင်နေတုန်း နောက်ပါး
ဆီက အသံကြောင့် လူက ကြည့်မိသွားသည်။

ခေါင်ယံမှိုင်း နဲ့ အတူ ခုဏက ဖြူဖြူ
မြင်ခဲ့သော ကောင်မလေး ပေ။

"  ချောင်းဆိုးနေတာလားဟင် ခေါင်...
ကြည်ပြာ ရေယူပေးရမလား  "

ပြောပြောဆိုဆိုနဲ့ ကြည်ပြာ
ဆိုတဲ့ ကောင်မလေး ရေယူလာပေးတာကို
ခေါင် ကြည့်ပြီး ယူသင့်မယူသင့် စဉ်း
စားနေတုန်း ဒေါ်ဖြူဖြူ က သူတို့ကို
စိုက်ကြည့်နေ၍ တမင်ယူပစ်လိုက်သည်။

ခေါင် စိုက်ကြည့်နေသော ဒေါ်ဖြူဖြူ ကို
တမင်မေးဆတ်ပြကာ ရေကို ဇိမ်နဲ့
သောက်ပစ်လိုက်သည်။

ရုတ်ချည်းဆိုသလို အမြင်ကပ်သလို
ဒေါ်ဖြူဖြူ က ထပ်​စိုက်ကြည့်လာတော့
ခေါင် ရင်ထဲ အတိုင်းအဆမရှိ ပျော်သွားရသည်။
ဒါ့က ဒေါ်ဖြူဖြူ ရင်ထဲ သူရှိနေလို့ အခုလို
ဖြစ်နေတာလေ။

" ဟေ့... သွေးသစ် ခေါင်က ဘာလုပ်တာလဲ
ရူးနေတာလား...??  မဖြူ ကို မချော့ဘဲနဲ့
ထပ်ပြီးတော့ စိတ်ဆိုးအောင် လုပ်နေတယ် "

သွေးသစ်... ခေါင်ကြီး လုပ်ရပ်ကို ကြည့်ပြီး
သူ ချစ်ရတဲ့ ခြားနားလေးက နားနား
ကပ်ကာ ဆိုလာတော့ နှုတ်ခမ်းတစ်စုံက
ကွေးညွှတ်​သွားရသည်။

" သဝန်တိုအောင် လုပ်နေတာလေ အချစ်ကလေး...
မဖြူဖြူ ရင်ထဲက ခံစားချက်တွေ ပွင့်ထွက်လာ
အောင် ​ခေါင်​ကြီးက လုပ်နေတာ...
အဲ့ဒါကို ကိုယ် အခုမှ သိတယ် "

" ခံစားချက် ပွင့်မပွင့်တော့ မသိဘူး
မဖြူ ပိုပြီးစိတ်ဆိုးမှာပဲ မြင်ယောင်သေးတယ် "

" ဟုတ်ပါ့ အချစ်ကလေးရာ...
အချစ်ကလေး ပြောတာမှန်တာ မဖြူဖြူ
ပိုပြီးစိတ်ဆိုးတော့မှာပဲ "

"  မဖြူ စိတ်ဆိုးလည်း ခေါင် ဆိုတဲ့
ကောင်က ချော့မှာ မဟုတ်ဘူး သွေးသစ် ရဲ့...
ဒါနဲ့ မင်း အချစ်ကလေးလို့ ခေါ်တာ
ငါ နားခါးတယ်နော် "

" မခါးပါနဲ့ အချစ်ကလေးရာ...
အချစ်ကလေး ကို ကိုယ်​က ချစ်လို့ ခေါ်တာပါ
အချစ်ကလေးနဲ့ ကိုယ်နဲ့ လောင်းမလား... ?? "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now