Part-(13)

31 3 0
                                    

(Unicode)

"သား....ထွန်းလင်း...."

ဆိုင်ရှေ့မှ ကားထိုးရပ်ပြီး အထဲဝင်ဖို့ရှိသေး ဆိုင်ထဲမှထွက်လာသော ဦးဂုဏ်ကြောင့် လန့်ဖြန့်သွားရပါသည်။

"အန်-အန်ကယ်....."

ဦးဂုဏ်ဟာ တအံ့တဩဘဲ အနားသို့လျှောက်လာပါသည်။

"ဆိုင်ကိုဘာကိစ္စ-"

"သားရိပ်ရော....မင်းတို့ ခရီးအတူတူသွားကြတာလေ...."

"ဟို-အန်ကယ်....ကျွန်တော်...."

ထွန်းလင်း ဖြေရှင်းစရာ အဖြေရယ်လို့ထွက်မလာခဲ့ပါ။ခွန်းရိပ်​၏ တဦးတည်းသော သူငယ်ချင်းဖြစ်နေသောကြောင့် တခြားလူကိုလွှဲချဖို့လဲမဖြစ်နိုင်။ကောင်းက ပိုတောင်ဆိုးပါသေးသည်။သူနှင့် သွားတွေ့တာကိုသာ ဦးဂုဏ်သိကြည့် ပြသာနာတက်သွားနိုင်သည်လေ။

"ဟို....နောက်၂ရက်လောက် သူ့ဟာသူနေချင်တယ်ဆိုလို့ ထားခဲ့တာပါ အန်ကယ်....ကျွန်တော်လဲညကဘဲရောက်တာ...."

"ဟုတ်ရဲ့လား ထွန်းလင်း....အန်ကယ့်ကို မင်းကပါမညာနဲ့နော်....."

"ညာစရာမရှိပါဘူးအန်ကယ်ရယ်....ကျွန်တော်တကယ်ပြောတာပါ...."

"ကောင်းပါပြီ....ဒါဖြင့် ခွန်းရိပ်အခြေအနေကိုမင်းဘဲ စောင့်ကြည့်ထားနှင့်ပါ....သူအေးဆေးအနားယူတုန်း အန်ကယ်ဖုန်းဆက်လိုက်ရင် စိတ်ထင့်သွားမှာဆိုးလို့...."

"စိတ်ချပါ အန်ကယ်....."

"အန်ကယ်သွားဦးမယ်...."

"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါအန်ကယ်...."

ဦးဂုဏ်ကားမောင်းထွက်သွားသည်နှင့် ထွန်းလင်းနဲနဲလေးမှ အချိန်မဆွဲဘဲ ခွန်းရိပ်ကိုဖုန်းဆက်လိုက်ပါသည်။ပထမအကြိမ် မှာမကိုင်သော်လည်း ဒုတိယအကြိမ်မှာတော့ ဖုန်းကိုင်လိုက်ပါသည်။

"အရိပ်ရေ....မင်းအဖေတော့ ငါ့ကိုမိသွားပြီ....အခုလေးပင် ဆိုင်မှာလာတွေ့တာကွာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ...."

"ကိုထွန်းလင်းက ဘယ်သူလဲမသိဘူး....."

ထိုအသံသည် ခွန်းရိပ်အသံမဟုတ်ပါ။ပြောချင်တာသာ ဇွတ်ပြောလိုက်မိတာ ဖုန်းကိုင်သူဟာ ခွန်းရိပ်ဟုတ်မနေတော့ ထွန်းလင်းshockရသွားရပြန်သည်။

Mg's Obsession Where stories live. Discover now