Ch 571 to Ch 575

178 15 1
                                    


Chapter 571 - ကျုံနန်ကျောင်းရဲ့ကျောင်းအုပ်ကြီး

"ဂျူနီယာ မင်းက ငါတို့အလယ်ပိုင်းနယ်မြေက မဟုတ်ဘူးမလား"

အဖိုးအိုက ယန်ချီကိုကြည့်ပြီး မေးလိုက်တယ်။

ယန်ချီက ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပါတယ် စီနီယာ။ကျွန်တော်က အရှေ့ပိုင်းနယ်မြေကပါ။ဒီတကြိမ် အလယ်ပိုင်းနယ်မြေကိုလာတာက ကျုံနန်ကျောင်းကို သွားမလို့ပါ။

ယန်ချီက သူ့ရည်ရွယ်ချက်ကို ပြောလိုက်တယ်။

စိတ်၀ိဉာဥ်အင်ပါယာရဲ့အရှေ့မှာ သူ့အနေနဲ့ ဘာမှဖုံးကွယ်ထားစရာမလိုဘူးလေ။

ဘာကြောင့်လဲဆိုတော့ စိတ်၀ိဉာဥ်အင်ပါယာသာ သူ့ကိုသတ်ချင်ရင် ဘာမှတောင် လှုပ်ရှားစရာ မလိုပါဘူး။

"အိုး"

အဖိုးအိုက ဒီစကားကိုကြားတော့ သူ့မျက်နှာထက်မှာ ဘ၀င်ကျတဲ့အမူအယာပေါ်လာခဲ့တယ်။

"ယန်ချီ မင်းက ကျုံနန်ကျောင်းကို သွားမလို့လား"

" ဟုတ်ပါတယ်"

ယန်ချီက ခေါင်းညိတ်ပြလိုက်တယ်။

အဖိုးအိုက ယန်ချီရဲ့အဖြေကိုကြားပြီးနောက် အဖိုးအိုက စက္ကန့်အနည်းငယ်လောက်စဥ်းစားလိုက်ပြီး ယန်ချီကိုမေးလိုက်တယ်။

ဘာပဲဖြစ်ဖြစ် အဖိုးအိုက အလယ်ပိုင်းနယ်မြေအနေနဲ့ အရှေ့ပိုင်းနယ်မြေထက်ပိုပြီးကောင်းတယ်လို့ တွေးနေခဲ့တယ်။အရှေ့ပိုင်းနယ်မြေက ပါရမီရှင် တွေက  အလယ်ပိုင်းနယ်မြေမှာ ပါရမီရှင်ဖြစ်နိုင်ပေမယ့်လည်း အောက်ဆုံးအဆင့်မှာသာ ရှိပါတယ်။

ဒါပေမယ့်လည်း ယန်ချီက ဒီလိုစကားကိုပြောလိမ့်မယ်လို့ အဖိုးအိုအနေနဲ့  မထင်ထားမိဘူးလေ။

ယန်ချီက ခဏလောက်စဥ်းစားလိုက်ပြီး အဖိုးအိုကို ပြောလိုက်တယ်။

"ကျွန်တော့်အနေနဲ့ အလယ်ပိုင်းနယ်မြေမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နိုင်တယ်"

ယန်ချီရဲ့ပြောလိုက်တဲ့လေသံက အလွန်တရာကို တည်ငြိမ်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now