Ch 586 to 590

166 11 0
                                    


Chapter 586 - ယန်ချီ ရောက်ရှိလာပြီ

လင်းတျန်က ကျုံနန်ကျောင်းရဲ့ ရင်ပြင်ကို ရောက်တဲ့အခါ ရင်ပြင်က ကျောင်းသားတွေကို ကြည့်ပြီး ဖြေးညှင်းစွာ မေးလိုက်တယ်။

“ယန်ချီက ဘယ်မှာလဲ”

ရင်ပြင်ထက်မှာ ရှိနေတဲ့ ကျောင်းသားအားလုံး တွေးနေသလိုပါပဲ။ လင်းတျန်းက ယန်ချီကို တကယ် တိုက်ခိုက်ချင်နေတာပဲ။

ဘေးမှာ ရပ်နေတဲ့ လင်းချန်ကလည်း စိုးရိမ်နေခဲ့တယ်။ သူက ယန်ချီနဲ့ တိုက်ခိုက်ဖူးတာကြောင့် ယန်ချီရဲ့ အစွမ်းကို သိနေခဲ့တယ်။

သူ့ရဲ့အမြင်အရတော့ သူ့အစ်ကိုဖြစ်သူက ယန်ချီရဲ့ အရှေ့မှာတော့ ပုရွတ်ဆိတ်တစ်ကောင်ပဲဆိုတာ သိနေခဲ့တယ်။

ဒါပေမယ့်လည်း သူက ဘာမှ ဝင်မပြောရဲပါဘူး။

ကျောင်းသားတွေကလည်း ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ကြတယ်။

ဒီဆယ်ရက်အတွင်းမှာ သူတို့အားလုံးက ယန်ချီကို ဘယ်နေရာမှာမှ မတွေ့ခဲ့ကြပါဘူး။

“ယန်ချီ ဘယ်ရောက်နေလဲ”

လူတိုင်းက ဘာစကားမှ မပြောတာကို မြင်တော့ လင်းတျန်က ထပ်မေးလိုက်တယ်။

“အစ်ကို လင်းတျန် ကျွန်တော်တို့တွေ ယန်ချီကို မတွေ့တာ ဆယ်ရက်လောက် ရှိပြီး”

ကျောင်းသားတစ်ယောက်က လင်းတျန်ဆီကို လျှောက်လာပြီး လင်းတျန်ကို ပြောလိုက်တယ်။

လင်းတျန်က ဒီစကားကို ကြားတဲ့အခါ သူ့ရဲ့ အကြည့်တွေက အေးစက်သွားခဲ့တယ်။

သူက ဘဝင်မြင့်တဲ့သူတစ်ယောက်ပါ။ သူက နှာခေါင်းရှုံ့ပြီး လှောင်ပြောင်ပြောဆိုလိုက်တယ်။

“ကြည့်ရတာ ယန်ချီက အစွမ်းသိပ်မရှိဘူးနဲ့တူတယ်။ ဒီလိုပဲ ရှောင်ဖယ်နေတာလား”

ကျိုးဇီလည်းပဲ ရင်ပြင်မှာ ရှိနေခဲ့တယ်။

ဘာကြောင့်မှန်းမသိ လင်းတျန်ရဲ့ စကားတွေက သူမကို အလွန် မပျော်မရွှင်ဖြစ်သွားစေခဲ့တယ်။

“လင်းတျန် စီနီယာက ရှောင်ဖယ်စရာ အကြောင်းမရှိဘူး”

ကျိုးဇီက လင်းတျန်ကို ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now