Ch 616 to 620

202 15 0
                                    


Chapter 616 - နောက်တစ်ကြိမ် ရောက်ရှိလာတဲ့ တောင်ကုန်းစိမ်းဂိုဏ်းသားတွေ

ယန်ချီက ခေါင်းကို တိတ်တဆိတ်ခါယမ်းလိုက်မိတယ်။

ဒီလူတွေ ဘာလဲဆိုတာကို သူ့အနေနဲ့ တကယ်ကို နားမလည်ခဲ့ပါဘူး။ တကယ်ကို ရယ်စရာ ကောင်းတဲ့ လူတွေပဲ။

အခန်းအပြင်ကို လွင့်စင်သွားတဲ့ တောင်ကုန်းစိမ်းဂိုဏ်းက တပည့်ကတော့ ယန်ချီကို စူးစိုက်ကြည့်နေခဲ့တယ်။

“အခု မင်းမှာ အရည်အချင်း ရှိသေးရဲ့လား”

တောင်ကုန်းစိမ်းဂိုဏ်းက တပည့်တွေက ယန်ချီကို ကြည့်လိုက်ကြပြီး ယန်ချီ ပြန်ပြောမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။

“ဒီလောက်နဲ့ မရသေးဘူး”

ယန်ချီက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။

“ဘာ .. ”

တောင်ကုန်းစိမ်းဂိုဏ်းက တပည့်တွေအားလုံး ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားကြတယ်။

ယန်ချီက ဒီစကားကို ဆက်ပြောနေဦးမယ်လို့ သူတို့တွေ ဘယ်လိုလုပ်ပြီး ထင်မိမှာလဲ။

“မလုံလောက်သေးဘူး တဲ့လား”

တောင်ကုန်းစိမ်းဂိုဏ်းက တပည့်တွေက ယန်ချီကို ကြည့်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။

“မင်းက ကျုံနန်ကျောင်းမှာ တကယ်ကို ပြိုင်ဖက်ကင်း တစ်ယောက်လား”

“မင်းမှာ အရည်အချင်း ရှိတယ်ဆိုရင် ငါ့ကို နောက်တစ်ကြိမ် လွင့်စင်သွားအောင် လုပ်ဦးလေ”

တောင်ကုန်းစိမ်းဂိုဏ်းက လွင့်စင်သွားတဲ့ တပည့်က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။

ဒါပေမယ့်လည့် ဒီနေရာမှာ ရှိနေတဲ့ သူတွေကတော့ တောင်ကုန်းစိမ်းဂိုဏ်းက တပည့်ကို နောက်တစ်ကြိမ် လွင့်စင်သွားလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။

“ဟူး .. .”

တောင်ကုန်းစိမ်းဂိုဏ်းက တပည့်တွေအားလုံး ပင့်သက်ရှိုက်မိလိုက်တယ်။

သူတို့တွေက အမြင်များ မှားသလားဆိုပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ကြပေမယ့် ဘယ်လောက်ပင် ပွတ်သပ်စေကာမူ ရလဒ်ကတော့ အတူတူပါပဲ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now