Ch 636 to 640

222 16 2
                                    


Chapter 636 - အံ့အားသင့်နေတဲ့ လင်နန်မြို့တော်သခင်

ကန္တာရကျားပုရွတ်ဆိတ်ကြီးက ယန်ချီက ကြောက်လန့်စွာနဲ့ ကြည့်နေခဲ့တယ်။

“လူသား ငါတို့ကြားမှာ နက်ရှိုင်းတဲ့ အမုန်းတရား မရှိဘူး။ မင်းသာ ငါ့နဲ့ တိုက်ခိုက်မယ်ဆိုရင် နှစ်ဖက်စလုံး ထိခိုက်ဆုံးရှုံးလိမ့်မယ်”

ကန္တာရကျားပုရွတ်ဆိတ်ကြီးက ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

“နှစ်ဖက်စလုံး ထိခိုက်ဆုံးရှုံးမှာလား” ယန်ချီရဲ့ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာထက်မှာ လှောင်ပြောင်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။ “မင်းက အဲ့ဒီလို ပြောဖို့ ထိုက်တန်ရဲ့လား”

ဒီစကားကို ကြားတော့ ကန္တာရကျားပုရွတ်ဆိတ်ရဲ့ အမူအယာက အေးတိအေးစက် ဖြစ်သွားခဲ့တယ်။

“လူသား မင်းက ဘာကို ပြောချင်တာလဲ”

ကန္တာရကျားပုရွတ်ဆိတ်ကြီးက ယန်ချီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

“ဘာမှ ထူးထူးခြားခြားအဓိပ္ပါယ်မရှိပါဘူး။ ငါ မင်းကို သတ်ချင်ရုံပါ”

ယန်ချီက ကန္တာရကျားပုရွတ်ဆိတ်ကြီးကို ပုံမှန်အတိုင်း ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ ကန္တာရကျားပုရွတ်ဆိတ်ကြီး သုန်မှုန်သွားခဲ့တယ်။

“လူသား မင်းက ငါ့ကို တကယ် သတ်ချင်နေတာလား”

“အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့တော့”

ယန်ချီက ကန္တာရကျားပုရွတ်ဆိတ်ကြီးကို လက်ညိုးညွှန်လိုက်ပြီ ကွေးညွှတ်ကာ ပြောလိုက်တယ်။ “လာခဲ့ ငါ မင်းကို သတ်ပေးမယ်”

ယန်ချီ ပြုမူတဲ့ အမူအယာကို မြင်ပြီးနောက် ကန္တာရကျား ပုရွတ်ဆိတ်ကြီး ဒေါသတွေ အလိမ့်လိမ့် ထွက်လာခဲ့တယ်။

“လူသား မင်းက သေချင်နေတာပဲ”

စကားသံ ဆုံးသွားတဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ ကန္တာရကျားပုရွတ်ဆိတ်ကြီးက ယန်ချီဆီကို နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်လာပြန်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now