92.1

11.1K 2K 36
                                    

Unicode

"ဘာ?"

လော့ယန်ချွမ်း လှည့်ကြည့်လိုက်၏။ သူ့နှလုံးခုန်သံမှာ ချက်ချင်းရပ်တန့်လို့သွားလေသည်။

ထိုစကားများ ပြောပြီးသည့်နှင့် ချက်ချင်း တစ်ဖက်ထိုင်ခုံပေါ်တွင် မလှုပ်မယှက်ဖြစ်နေခဲ့သည့် လော့လင်းရှန်းက ရုတ်တရက် ခြေထောက်ကို အားပြင်းပြင်းဖြင့် မြှောက်ချလိုက်ပြီး လော့ယန်ချွမ်း၏ ဝမ်းဗိုက်အား အစွမ်းကုန် ကန်ထုတ်ပလိုက်၏။

သူ၏ မြန်ဆန်ဖျတ်လတ်သော လှုပ်ရှားမှုကြောင့် လော့ယန်ချွမ်းတစ်ယောက် ခုခံချိန်တောင် မရလိုက်။

"အာ့!"

ဝမ်းဗိုက်အတွင်းထဲတွင် ပြင်းထန်စွာ နာကျင်သွားတာကြောင့် လော့ယန်ချွမ်း ညည်းတွားမိသွားသည်။

လော့လင်းရှန်းက သူတုံ့ပြန်နိုင်ရန် အချိန်မပေးဘဲ နောက်ထပ် ထပ်တိုက်ခိုက်လိုက်၏။

ချည်နှောင်ထားခံရသော သူ့လက်များက လော့ယန်ချွမ်း၏ မေးရိုးကို ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီးနောက်၊ သူ့တံတောင်ဆစ်ဖြင့် တဖက်လူ၏ လည်ပင်အား အသေညစ်ထားလိုက်သည်။

လည်ပင်းညစ်ခံထားရခြင်းကြောင့် ဖြစ်ပေါ်လာသော မွန်းကြပ်မှုဟာ ငရဲဘုရင်မှ သူ့အသက်အား တောင်းဆိုနေသကဲ့သို့ လော့ယန်ချွမ်းအား ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

လော့လင်းရှန်း ခြေထောက်တွေပြန်ကောင်းသွားပြီလား?

သူ ဒုက္ခိတဖြစ်နေတာ ကြာပြီမဟုတ်ဘူးလား? ဘယ်လိုလုပ် ပြန်ကောင်းနိုင်မှာလဲ!

လော့လင်းရှန်းကို ကြိုးချည်ပေးဖို့ ရှီယွင်နန် အလွယ်တကူ သဘောတူလိုက်တာ မအံ့ဩတော့ပါဘူး။ သူတို့နှစ်ယောက် တမင်အကွက်ချထားတဲ့ အကြံဆိုတာ ရှင်းနေတာပဲလေ!

လော့ယန်ချွမ်းက လက်နှစ်ဖက်ကို သုံးကာ လော့လင်းရှန်း လည်ပင်းညစ်နေတာကို တားနေရင်း အံ့ကြိတ်ကာ စကားတစ်ခွန်းဆိုလိုက်သည်။

"လော့လင်းရှန်း မင်းတို့ ငါ့ကို လိမ်တယ်!"

လော့လင်းရှန်းက အေးစက်စက် အသက်ရှူငွေ့ထုတ်လိုက်၏။ သူ့မျက်လုံးများမှာ ရန်လိုမှုများဖြင့် ပေါက်ထွက်မတတ်ပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now