အခန်း ၃၉

3.7K 393 32
                                    

ထိုနေ့မှစပြီး ကိုမြင့်မောင်တစ်ယောက် စံအိမ်မှ ခြေတစ်လှမ်းပင် မထွက် ။

ခြံဝန်းထဲမှာ လှဲထိုင်ခုံပေါ် အမှီကာဖြင့် မထင်မရှား မြင်နေရသည့် အဖြူရောင် တိမ်များကို ငေးမောကြည့်နေသည် ။

ပြောင်းလဲသွားသည့် တိမ်များဟာ သူ့အတွက် ဝမ်းနည်းစရာ ကိစ္စ ဖြစ်နေရှာပြီ ။

" အခုရက်ပိုင်း အနောက်ရပ်က နေထွက်ပြီး အရှေ့ရပ်က နေထွက်နေသလားလို့ ကိုမြင့်မောင် ။ "

" မြိုင် ။ "

ဟုတ်ပါသည် ။ သူ၏ ချစ်ဇနီးသည် သခင်မမြိုင်ပါ ။ သူ တန်ဖိုး မထားခဲ့သည့် သခင်မမြိုင်ပါ ။ နူးညံ့စွာ ချစ်ပေးဖို့အတွက် မေ့လျော့နေခဲ့သည့် ဇနီးသည် သခင်မမြိုင်ပါ ။ မိမိအား အသက်တစ်မျှ ချစ်ခဲ့ဖူးခဲ့သည့် သခင်မမြိုင်ပါ ။

" ရှင် ဘာဖြစ်နေသလဲ ။ ရှင့် မျက်နှာကြည့်ရတာ လဒကြီး ထိုင်မှိုင်နေသလိုပဲ ။ တကယ်ပါပဲနော် ။ "

" မြိုင် ။ အစ်ကို ဘယ်လို ဆက်လုပ်ရမလဲ ။ "

ဝမ်းနည်းစရာ စကားဖြစ်နေသည် ။ မြိုင့်ရဲ့မျက်နှာကို ဝမ်းနည်းရိပ်တွေ ခိုကပ်နေသော မျက်ဝန်းညိုများနှင့် ငေးစိုက်ကြည့်မိသည် ။

အရိုးသားဆုံး ဝင်ခံရပါလျှင် ကိုမြင့်မောင်အား မြိုင် စိတ်ပူမိသည် ။ ဘယ်လိုယောက်ျားမျိုး ဖြစ်ခဲ့ပါစေ ။ ကိုမြင့်မောင်ဟာ မြိုင် ချစ်ရတဲ့ တစ်ဦးတည်းသော ယောက်ျားပင် မဟုတ်လား ။ မိမိ ချစ်လို့ယူခဲ့သည့် ယောက်ျားဟာ မိမိအပေါ်ကို မည်သို့ပင် တန်ဖိုးမထားခဲ့ပါစေ ။ ထိုအရာများကို လျစ်လျှူရှုကာ ချစ်ပေးခဲ့သည် ။

ခုံအစွန်းဖျားပေါ်မှာ မြိုင်လည်း ထိုင်ချလိုက်သည် ။ လင်ယောက်ျားရဲ့ မျက်နှာကိုကြည့်ပြီး စိတ်မချမ်းသာနိုင် ။

" ဒီအတိုင်းလေးပဲ ရှေ့ဆက်သွားရုံပေါ့ ။ "

" ဒီဇာတ်လမ်းက အဆုံးသတ်ဖို့အတွက် သိပ်ခက်လွန်းတယ် မြိုင် ။ အစ်ကို ဘာဆက်လုပ်သင့်သလဲ ဆိုတာကို တွေးကြည့်ရုံနဲ့တင် သိပ်ခက်လွန်းလှပြီ ။ "

" ဘာတွေများ ပင်ပန်းနေသလဲ ကိုမြင့်မောင် ။ ကျွန်မ ပုခုံး နေရာလွတ်နေတယ်လေ ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now