Part - 46 ( Zg + Uni)

5.8K 319 15
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 46  )

" ဟဲ့ ဖြူဖြူ ဒီနေ့ ခေါင်လေး မလာပါလား
ကျောင်းတောင် ဆင်းတော့မယ်.....
ကြည့်​ရတာ မနက်ဖြန် ငါ့ ဖြူဖြူ
ချောကလက် မရတော့ဘူးထင်တယ် "

" မရလည်း ဘာမှမဖြစ်ပါဘူး... ချောကလက်
က ချောင်းဆိုးတယ် "

" ဟုတ်ပါတယ်လေ ဒါပေမဲ့ မနက်ဖြန်
ငါတို့ ကျောင်းက အတွဲတွေက ချောကလက်၊
အရုပ်၊  ပန်းစည်းတွေနဲ့ ပလူပျံနေကြမှာဟ
အခုကို ကြည့်​ ​ကောင်​မ​လေး​တွေက
ဖုန်းတစ်​လုံးနဲ့ ချက်​​နေကြတယ်​  "

ထက်ထက် စကားကြောင့် အတန်းထဲက လူတွေကို
ဝေ့ဝိုက်ကြည့်မိတော့ အားလပ်ချိန်ခဏအတွင်း
မှာတောင် ရည်းစားတွေနဲ့ ချက်နေကြသည်။
ဒီတော့ မနက်ဖြန် ဖြူဖြူတို့ အတွဲတွေရဲ့ ပွဲတော်
ကြီးကို ကြည့်ရအုံးမည်။

ကျောင်းထဲက ဈေးသည်တွေမှအစ ကန်တင်းက
ဆိုင်တွေနဲ့ အပြင်ဘက်က ဆိုင်တွေကအစ
ချောကလက်၊  အရုပ်နဲ့  ပန်းစည်းတွေကို
ခင်းကျင်းထားတာ ပလူပျံနေ၏ ။

မနက်ဖြန်တော့ဆို ဆိုင်တွေ ဘယ်လောက်တောင်
ရောင်းကောင်းလိုက်​မလဲ။

ခေါင်ယံမှိုင်း ဒီနေ့ ကျောင်းမလာတာကလည်း
မနေ့က သူ့ကို ဖြူဖြူက မောင်လို့
မခေါ်လိုက်တာကြောင့်ပေ။

အလကား စိတ်ဆိုးလွယ်တဲ့ ကောင်။
ပြောတော့ ဖြူဖြူ ကို ချစ်တယ်တဲ့။
အခုတော့ သူ့ကိုယ်သူပဲ ချစ်တာထင်သည်။
ဒါလေးတောင် စိတ်မရှည်တဲ့သူ့ ကို
ဖြူဖြူ မခေါ်ဘဲ နေပြအုံးမည်။

ကြည့်ကြသေးတာပေါ့ သူ့ကပဲ ဖြူဖြူ ကို
စကားလာပြောမှာလား။ ဖြူဖြူ ဘက်ကပဲ
အရင်စ​ပြောမလားဆိုတာ။

-
-
-
-
-
-
-
-
-
-

" ကလေးရယ် ဦး တောင်းပန်ပါတယ်......
ဦး မိန်းမနဲ့ သမီး လုပ်ရပ်ကို ဦးက အခုမှ
သိရတာပါ... ဦးကို တစ်မျိုးမထင်ပါနဲ့နော်
ဦးက ကလေး ဘက်ကပါ... "

ဖုန်းစိမ်းလာလို့ ဂေဟာရောက်တာနဲ့
ဖြူဖြူ ကောက်ကိုင်လိုက်မိတာ ဦးနိုင်စေမာန်
ဖြစ်နေခဲ့သည်။

ချပစ်ချင်လိုက်တာ အရမ်းပဲ။  ဒါပေမဲ့ သူ့ဘက်က
ဆက်ပြောနေတော့ ဖြူဖြူ မှာ ချပစ်ရမှာ
အခက်။ ဘယ်လိုလုပ်ရမလဲဆိုပြီး
ကြံစည်နေတုန်း အနားကို ထွေးထွေး ရောက်လာ
တော့ အတော်ဖြစ်သွားသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now