Part-29[Uni&Zaw]

22.6K 2K 471
                                    

Unicode

"အသိတွေလား ရှင်းလား"

"အရင်အလုပ်က မန်နေဂျာရဲ့လူတွေပါအကို"

"အဲ့လူတွေကဘယ်လိုဖြစ်လို့"

ညွှန်းမေးတော့ ရှင်းကချက်ချင်းမဖြေဘဲ ခေါင်းငုံ့ကာလုပ်နေကျအတိုင်းအင်္ကျီ‌စလေးကို လက်နဲ့လုံးချေနေ၏။ညွှန်းကလည်း မလောဘဲ ငြိမ်ငြိမ်လေးနေရင်းအဖြေကိုစောင့်နေသည်။ဇမ်းကတော့ သူ့ဘာသာဘေးကနေမသိလိုက်မသိဘာသာ အသံတိတ်ရင်း လမ်းမပေါ်မှာသာအာရုံစိုက်ထားလေသည်။

"မန်နေဂျာရဲ့ ညီမနဲ့ရှင်းကအသိတွေပါ...၊သူ့ဘက်ကဘာဖြစ်နေနေ ရှင်းဘက်ကသူကယ်ချင်းလိုပါပဲ...၊အဲ့တာကို မန်နေဂျာကမကြိုက်ဘူး...၊အလုပ်မှာလည်းခနခန ရှင်းကိုပဲဖိပြောဖိဆူ....နောက်ဆုံးအလုပ်ကထွက်ရအောင်လုပ်တဲ့အထိပဲ"

"အခုအလုပ်ကထွက်ပြီးပြီကို သူတို့ကဘယ်လိုတွေ"

"ကျန်ခဲ့တဲ့ရက်က သူ့ညီမကရှင်းကိုလာရှာသေးတယ်...၊အလုပ်ကိုပြန်လာဖို့ အဲ့တာကြောင့်လိုထင်တာပဲ"

ရှင်းစကားနားထောင်ပြီးတော့ ညွှန်းနူတ်ခမ်းလေးတင်းတင်းစေ့ကာ မျက်မှောင်လေးကြုံ့သွားရ၏။ပုံမှန်ဆို ညွှန်းကသူများကိစ္စသိပ်စိတ်ဝင်စားတတ်သူမဟုတ်။ပတ်ပတ်သတ်သတ်လုပ်ဖို့ဆို ပိုဝေး။‌အခု ဒီကောင်လေးကျမှ ညွှန်းမှာစိတ်ပူတာရော၊သနားတာရောပါ ပါနေရသည့်အဖြစ်။မိသားစုထဲမှာ တစ်ဦးတည်းသောသားဖြစ်တာကြောင့် ရှင်းကိုညီငယ်လေးလိုမြင်နေတာကလဲ တစ်ကြောင်းမလား။

"ဒါဆို ရဲကိုအကြောင်းကြားထားသင့်လား"

ညွှန်းတွေးတွေးလေးပြောနေတုန်းရှိသေးသည် ခါးကနေဆွဲဖက်ခံလိုက်ရတာကြောင့် လူက ဇမ်းရင်ဘတ်မှာအင့်ခနဲသွားကပ်၏။

"မင်း ဘယ်လိုဖြစ်..."

"အဲ့တာခင်ဗျားကိုမေးရမှာလေ တစ်ရဲထဲရဲနေတော့တာ ခင်ဗျားရဲတွေရဲ့အရှုတ်အရှင်းတွေကိုဘာနားလည်လို့လဲ..."

ညွှန်းမေးတော့ မျက်မှောင်ကြီးကုတ်ကာ ခပ်ကြိတ်ကြိတ်ဖြေလာသည့် ဇမ်းအသံကမကြည်မလင်။ညွှန်းကလည်း ဂရုမစိုက် ဇမ်းရင်ဘတ်ကိုလက်နဲ့ပြန်တွန်းပြီး ရန်တွေ့ဖို့ပြင်သည်။

You are My BoneWhere stories live. Discover now