အခန်း ၇၁ ။ တူညီတဲ့ အတွေ့အကြုံ (၃)

1K 116 1
                                        

အခန်း ၇၁ ။ တူညီတဲ့ အတွေ့အကြုံ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  June 2 ,    2023 ( Friday   )
========================

ကင်မရာကို နေရာချပြီး ဒါရိုက်တာက
သူတို့ကို စတင်ဖို့ အော်လာခဲ့သည် ။

မြက်ခင်းပြင်ပေါ်တွင်, ယဲ့ဖေးချန်ဟာ
ချောင်မိုယွီရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့
တယ် ။ သူမ လက်ဖဝါးက သေးငယ်ပြီး နူးညံ့နေချိန်
သူ့လက်ဖဝါးက ကျယ်ပြန့်ပြီး နွေးထွေးနေကာ ,အရမ်းနူးညံ့ ၍ ၎င်းက
အရိုး တွေ မရှိဘူးလို့ထင်ရလု နီးပါးပဲ ။

သူက ရုတ်တရက် သူမလက်ကို
ဆွဲယူလိမ့်မယ်လို့
သူမ မမျှော်လင့်ထားတာကြောင့်,
ချောင်မိုယွီ ရဲ့
ပါးပြင်တွေဟာ ရှက်သွေးဖြာလို့ နီရဲသွားခဲ့
တယ် ။သူမက ရှက်ရွံ့စွာ ပြန်ဆွဲယူရင်း,
သူ့မျက်လုံးတွေထဲကို မကြည့်ရဲဘူး ။ အမျိုးသားက
သူမကို မကြည့်ဘဲ သူမလက်တွေကို တင်းတင်းကြပ်ကြပ် ဆက်လက် ဆုပ်ကိုင်ထားခဲ့တယ်; ထိုခဏတွင်, သူ့ရဲ့ စိုးရိမ်ကြောင့်ကြနေတဲ့ စူးစိုက်အကြည့်က ခပ်လှမ်းလှမ်းတစ်နေရာမှ ပုန်းခိုနေတဲ့
အရိပ်တွေကို အမြန် ကြည့်လိုက်တယ် ။

ပြီးနောက်မှာ, အင်ပါယာလူငယ်အရာရှိက စိုးရိမ်ကင်းသွားပြီး သူ့ရဲ့ ပုံမှန် သွေးလွှမ်းနေတဲ့ အရှိန်အဝါက ပျောက်ကွယ်သွားခဲ့တယ် ။ ယခုအချိန် မှာ, သူဟာ ပန်းတွေပြည့်နေတဲ့ တောင်ခါးပန် တစ်ခုမှာ  သူချစ်ရတဲ့မိန်းကလေးရဲ့ လက်ကို ဆုပ်ကိုင်ထားသည့် ပျော်ရွှင်နေတဲ့ လူငယ်လေးတစ်ယောက်ပင် ။ စစ်ပွဲနဲ့ အေးစက်စက် ပရမ်းပတာ ဖြစ်နေတဲ့ အချိန်အတောအတွင်း,
ယခု သူတို့ဟာ ရှားရှားပါးပါး ငြိမ်းချမ်းတဲ့ အခိုက်အတန့်လေးကို နှစ်သက်ပျော်ရွှင်နေကြတယ်။

အဲ့ဒီအချိန်မှာပဲ, ချောင်မိုယွီဟာ
တစ်စုံတစ်ခုကို
ခလုတ်တိုက်မိသွားခဲ့တယ် ။ ယဲ့ဖေးချန်က သူမကို သူ့ရင်ခွင်ထဲ ဘေးကင်းစွာ ဆွဲလိုက်တယ် ။ အားလုံးက ရုတ်တရက် ဖြစ်ပျက်သွားကာ,
သူမရဲ့ နူးညံ့ တဲ့ ခန္ဓာကိုယ် က သူ့ရဲ့ မာကြောတဲ့ ရင်အုံကို တိုးဝှေ့မှီကပ်နေသည် ။ သူတို့နှစ်ဦးလုံး
ထိတ်လန့်သွားကြပြီး, သူတို့မျက်လုံးတွေက တစ်ချိန်တည်းမှာပဲ မော့လာကြတယ် ။
(ဒီနေရာမှာ ယဲ့ဖေးချန်က အောက်ကို
ငုံ့တယ် ချောင်မိုယွီက မော့ကြည့်တယ်)

စီအီးအို ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《မြန်မာဘာသာပြန်》Where stories live. Discover now