32⚠

12.5K 686 87
                                    

unicode version

နေရောင်ခြည် နွေးနွေးဟာ ပြတင်းပေါက်မှတစ်ဆင့်
ဖျာကျလာပြီး မျက်ခွံလေးပေါ်သို့ ရောက်ရှိလို့လာခဲ့သည်။
ခပ်စူးစူးအလင်းရောင်ကြောင့် မျက်လုံးတွေ
စုကျုံ့သွားပြီး မျက်ခွံလေး အနည်းငယ်
လှုပ်ယွလာသည်။ တစ်စက်တည်းမှာဘဲ ရင်းနှီးနေတဲ့
ပိုးသတ်ဆေးနံ့ခပ်စူးစူးက နှာခေါင်းထဲကို
အလုအယက်တိုးဝင်လာတာကြသည်။

သူဘယ်ကို ရောက်နေတာလဲ။

မျက်ခွံလေးကို အနည်းငယ်ဖွင့်ဟလိုက်တော့
မှုန်ဝါးဝါးမြင်ကွင်းကို မြင်ရသည်။
ကျန်နေတဲ့မျက်ခွံလေးကို အကုန်ဖွင့်ဟလိုက်တော့မှ
မျက်နှာကျက်ဖြူဖြူတစ်ခုက စီးကြိုနေပြီး
လက်တစ်ဖက်ကလည်း အနည်းငယ်နာနေသည်။

မျက်လုံးကိုဘယ်ညာ လှည့်ရင်း ကြည့်လိုက်တော့
သူရောက်နေတဲ့ နေရာက အခန်းတစ်ခု။ အတိအကျ
ပြောရရင် ဆေးရုံတစ်ခုက အခန်းထဲမှာမှန်း
သိလိုက်သည်။

ထို့နောက် ဉီးနှောက်ကို အမြန်အလုပ်ပေးလိုက်တဲ့
အခါမှာတော့ အဖြစ်အပျက်တွေအားလုံးဟာ
သူ့ခေါင်းထဲတွင် ရုပ်ရှင်ပြသလို
တဖြတ်ဖြတ်နဲ့ပေါ်လာတော့သည်။

မောင်!

အလန့်တကြားနဲ့ထထိုင်လိုက်ပြီး လက်က
တန်းလန်းဖြစ်နေတဲ့ dripကိုပါ စက်ခနဲ
ဆွဲဖြုတ်လိုက်သည်။ ရုတ်တရက်ဆွဲဖြုတ်
လိုက်တာမို့ လက်ကနေ သွေးတွေပန်းထွက်လာသည်။
ဒါပေမဲ့ ဂရုစိုက်မနေဘဲ ဆေးရုံခန်းထဲကနေ ပြေးထွက်လာခဲ့သည်။

ခုရှောင်းကျန့် ခေါင်းထဲမှာ ရှိနေတာတစ်ခုဘဲ
မောင့်ကိုရှာရမယ်။

အခန်းအပြင်ရောက်တော့
ဆေးရုံဝတ်စုံနဲ့ လူတွေအများအပြားတွေ့ရသည်။
အရူးတစ်ယောက်လို မျက်လုံးဂနာမငြိမ်နဲ့
ဟိုကြည့်ဒီကြည့်လုပ်ရင်း မောင့်ကိုရှာပေမဲ့ အရိပ်အယောင်တောင် မတွေ့ရပါ။

မောင်ဘယ်ကို ရောက်နေတာလဲ။ ဘာလို့သူ့နားမှာမရှိရတာလဲ။

ရုတ်တရက်မျက်လုံးထဲ ပေါ်လာတဲ့ သွေးအိုင်ကြားမှာ
လဲနေတဲ့ပုံရိပ်တွေကြောင့် ရှောင်းကျန့် ခေါင်းတွေ
တရိပ်ရိပ်နဲ ထိုးကိုက်လာတယ်။

My very bad husband  belong to meWhere stories live. Discover now