Part - 25

21.9K 902 83
                                    

Unicode

"မမလေးအခုလိုရောက်လာမယ်လို့ မထင်ထားဘူး။ ဘယ်ကဘယ်လိုဖြစ်ပြီးတော့…"

"ခအီ ေ-သသွားပြီကြားကြားချင်း လာခဲ့တာ။ အဲ့ဒီမေးခွန်းက ငါကပြန်မေးရမှာပါ ခအို။
မင်းကိစ္စတွေအများကြီး
ငါ့ကိုဖုံးကွယ်ထားခဲ့တာ"

"ဟို… ကျွန်တော်က"

"မင်းလိမ်မနေနဲ့ ! "

စူးခနဲဖြစ်သွားတဲ့အော်သံနဲ့အတူ ခအို ဘက်လှည့်လာတဲ့အမျိုးသမီးရဲ့လှပတဲ့မျက်နှာက ဒေါသကြောင့်ခက်ထန်နေသည်။

လက်တစ်ဖက်ကခါးကိုထောက်ကာ အနက်ရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်၍ အရိုင်းဆန်စွာလှပနေတဲ့အမျိုးသမီးပင်တည်း။

"ခအို ။ ကျွန်မသာမသိခဲ့ရင်  ရှင်ဘယ်အချိန်ထိ အဲ့ဒီကလေးအသက်ရှိနေတာကို ဖုံးကွယ်ထားအုံးမှာလဲ"

"ကျွန်တော်တောင်းပန်ပါတယ်။ မမလေးကိုလည်း ဘယ်မှာရှာရမလည်းမသိလို့ပါ"

Lightစံအိမ်ရဲ့ သခင်ကြီးကိုယ်တိုင် အမွေဖြတ်ခဲ့သည့်မမလေး ယူအာကို က နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေခဲ့ကာ… သခင်ကြီး၊သခင်မလေး၊မမလေးယူကီကိုတို့ သေဆုံးသွားချိန်မှာတောင်ရောက်မလာခဲ့တဲ့သူပင်။ မွေးစားသမီးမို့ အမွေတွေနှင့်မသက်ဆိုင်တဲ့အတွက်  ယူအာကို ကိုသူတို့မေ့လျော့နေခဲ့သလို အမွေဆက်ခံသူသွေးသားရင်းဖြစ်တဲ့ မြေးဖြစ်သူ သခင်မလေးရုဒါအို(ယခု ရေချယ်လင်းသိုက်) ကိုသာ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

"ခအို ။ ငါ့ကို Lightစံအိမ်နဲ့မသက်ဆိုင်တော့ဘူးလို့ မင်းသတ်မှတ်လို့ရတယ်။ဒါပေမဲ့ အခု မမရဲ့ သွေးသားအသက်ရှင်နေသေးတာကို အသိမပေးတာလွန်တယ်မထင်ဘူးလား"

"မမလေးကို ဘယ်မှာလိုက်ရှာရမှန်းမသိဘူးလို့ ကျုပ်ပြောခဲ့တယ်လေ"

"မင်း အခု ! "

"တောင်းပန်ပါတယ်။အပြစ်တင်တဲ့စကား မဟုတ်ပါဘူး"

"မင်းအခု ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ။ တူမလေးကိုတွေ့ပြီလား"

"မတွေ့သေးပါဘူး"

"ငါရော… ငါလည်းကူညီချင်တယ် ခအို။ Lightစံအိမ်ရဲ့ မျိုးဆက်ကို ငါလည်းရှာပေးချင်တယ်"

HUSBAND:DaddyWhere stories live. Discover now