အခန်း ၄၀

3.6K 367 46
                                    

မြန်မာသက္ကရာဇ် ၁၃၁၆ ခု ၊ တပို့တွဲလဆုတ် ၁၀ ရက် ။

ခရစ်နှစ် ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ။

ထိုနေ့ဟာ ရက်ရာဇာနေ့ ။

ကနေ့ဟာ ရာဇဝတ်အုပ် ကိုမြင့်မောင်၏ ရာထူးတိုးဂုဏ်ပြုပွဲ ညပါတီပင် ဖြစ်သည် ။ ကြွရောက်ချီးမြင့်ကြသော ဧည့်ပရိတ်သတ်အပေါင်းတို့ဟာ စံအိမ်တော်ထဲမှ ပြည့်လျက်ရှိသည် ။ ခြံဝန်းထဲ၌ မြင်းရထားလုံးများ ၊ စလွန်းကားများ စသည်ဖြင့် များပြားလျက် နယ်ပယ်အသီးသီး၌ လည်ပတ်နေသော ဂုဏ်သရေရှိ လူကြီးလူကောင်းများ တက်ရောက်ကြပါသည် ။

ဆောင်းလေတဖြူးဖြူးဟာ အသည်းခိုက်အောင် တုန်နေပေမယ့်လို့ စံအိမ်တော်ထဲမှာတော့ လူအငွေ့နှင့် နွေးလှပါသည် ။

ခေတ်ပေါ်သီချင်း၏ သံစဉ်များကို တီးခတ်နေကြသော အနုပညာရှင်များဟာ စင်ပုလေးပေါ်၌ နေရာယူထားကာဖြင့် ဂစ်တာ ဆယ်လို ခရာ စသဖြင့် နိုင်ငံခြားဂီတကိရိယာများကို အသုံးချကာဖြင့် တေးသံပြုနေသည် ။ ပြောင်လဲ့လဲ့ အဝတ်အစားများဟာ စင်မြင့်ပေါ်မှာ ထင်းလျက် ဝင်းလျက် ။

သံစဉ်များကို နားထောင်ကြသော ဂုဏ်သရေရှိ လူကြီးမင်းများ ရှိကြသလို ။ အခြားတစ်ဖက်၏ ဧည့်ခန်းထဲမှာ ကျော့မော့စွာ ထိုင်နေကြသည့် လူကြီးမင်းများလည်း ရှိသေးသည် ။

မှတ်တမ်းအရယူနေသော ဓာတ်ပုံဆရာများလည်း ရှိပေသည် ။ မီးသီးအလင်းအပြားပါသော ဖလင်တုံး ကင်မရာကို ကိုင်ကာဖြင့် ပွဲအတွင်း၌ သွားလာလှုပ်ရှားနေကြသော လူကြီးမင်းများ၏ ပုံရိပ်များအား အမိအရ သိမ်းထားကြလေသည် ။

စံအိမ်တော်ထဲရှိ လူကြီးမင်းများကို တစ်ဦးချင်း နှုတ်ဆက်စကားပြောနေသည်မှာ ကိုမြင့်မောင် တစ်ဦးတည်းရယ်သာ ။

ကိုမြင့်မောင်ဟာ ဘန်ကောက်ပုဆိုးနှင့် ကျော့ကော့စွာဖြင့် ခန့်ချောလှသည် ။ မျက်ခုံးထူထူနက်နက်များဟာ စူးရှရှမျက်ဝန်းများနှင့် လိုက်ဖက်မှုရှိသည် ။ အပြောင်သိမ်းထားသော ဘိုကေဆံပင်ဟာ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာဖြစ်နေပါသည် ။

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ရင်အုပ်ကျယ်ကြီးတွေကို ပွဲအတွင်းရှိ ဝန်ကြီးများ၏ မိန်းမများ ။ စစ်ဦးစီးမှူး၏ မိန်းမများတောင် ရင်ခုန်စရာ ဖြစ်နေသည် ။ ကိုမြင့်မောင်ဟာ အမျိုးသမီးများအကြားမှာ ထင်ပေါ်ကျော်ကြားသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now