Part - 26

21.8K 953 159
                                    

Unicode

"မင်းတို့ဆိုလိုချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှ တာဝန်ယူမပေးနိုင်ဘူးပေါ့လေ ဟုတ်လား"

"ဟုတ်ပါတယ်ဗျ။သရဲခြောက်ခံရတယ်ပြောပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့မှ ကိုယ်တွေ့မကြုံရဘူးတာ"

"အဲ့ဒီတော့"

"ကျွန်တော်တို့ရှေ့မှာဖြစ်တဲ့ကိစ္စဆိုရင်တော့
ဒီကိစ္စကို အစအဆုံးတာဝန်ယူဖြေရှင်းပေးမှာပါ"

တစ်ဖက်ကပြောစကားက မင်းသန့်ပြုံးမောင် ဒေါသကိုနှိုးဆွလိုက်သလိုဖြစ်နေသည်။
အဆင့်မြင့်လှပါချည်ရဲ့ဆိုတဲ့ဟိုတယ်ရဲ့
VIP အခန်းမှာမှ အခုလိုပြဿနာဖြစ်တဲ့ကိစ္စကို လူသိမခံနိုင်လို့ မန်နေဂျာနဲ့ဝန်ထမ်း၃၊၄ယောက် ထင်လင်းသိုက်အခန်းကိုလာပါသည်တဲ့။
အဲ့ဒီအခြေအနေအထိ သည်းခံပေးလို့ရသေးပေမဲ့ အခုပြောလာတဲ့စကားက တစ်ခွန်းမှ ေ-စာက်ချိုးမပြေပါ။

"လူကြီးမင်းတို့လည်းသိကျမှာပါ။ ကျွန်တော်တို့ ဟိုတယ်က အခုလိုကိစ္စမျိုးမရှိပါဘူး။ဧည့်သည်အလှည့်မှ အခုလိုကြုံရတယ်ဆိုတော့"

"မင်းဘာကိုဆိုလိုချင်တာလဲ"

"ဧည့်သည်ကပဲလိမ်နေသလား"

"တောက် ! "

ဝုန်းခနဲထရပ်လိုက်တဲ့မင်းသန့်ကြောင့် နဂါးမှာယောင်ယမ်းထလိုက်၏။

"ေ-စာက်လုံးမကန်းရင် ဟိုကလေးကို သေချာကြည့်"

မန်နေဂျာရဲ့လည်ပင်းကအင်္ကျီစကိုဆွဲကာ ကျန်လက်တစ်ဖက်က မီးငယ်ကိုလက်ညိုးထိုးလျက်

"ကြည့်စမ်း ။အခုထိမျက်ခွံတွေဖောင်းနေသေးတဲ့ အထိငိုထားတာ၊တစ်ညလုံး လူစောင့်ပေးနေတာတောင် ကြောက်ပြီးမအိပ်ရဲလို့ မျက်ကွင်းညိုနေတာ မြင်လား။အခုချိန်ထိ ကြောက်နေသေးလို့ သူ့အန်ကယ်နားမှာပဲ
ကပ်နေတာ မင်းေ-စာက်လုံးကမြင်လား။
မနက်စာစားတာတောင် နောက်ကျောမလုံလို့ လှည့်ကြည့် လှည့်ကြည့်ဖြစ်နေတဲ့ကလေးက ဟမ်…မင်းတို့က ဘာေ-စာက်ဆင့်ရှိလို့ လိမ်ရမှာလဲ"

ရင့်သီးလွန်းတဲ့စကားတွေကြောင့် တစ်ဖက်က ဝန်ထမ်းတွေပါ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ အခြေအနေကျပင်။

HUSBAND:DaddyWhere stories live. Discover now