Unicode
"သမီး ဒါလေးဝတ်လိုက်ပါနော်"
"ဝတ်ချင်ဘူး"
"ခနဘဲလေ အလှူကပြန်လာရင် ချွတ်ရပြီ ဖေ့သမီးကလိမ္မာပါတယ် "
"ဘောင်းဘီဘဲဝတ်ချင်တာ"
"ပိုး အက္ခရာ နွယ်"
အရစ်တုံး တကယ့်အရစ်တုံး။ဒီနေ့သူနဲ့မောင့်ရဲ့ မင်္ဂလာနှစ်ပတ်လည် ၂နှစ်ပြည့်မို့ မိဘမဲ့ဂေဟာမှာသွားလှူဖို့ စီစဥ်ထားသည်။အလှူလုပ်မှာဆိုတော့မြန်မာဆန်ဆန်လေးဝတ်ရမှာပေါ့။ပုဆိုးမဝတ်တတ်တဲ့ ကိုယ်တောင်ဝတ်ရတာပဲ။ကျွတ်ကျလည်း ပြန်ဝတ်ပေးမဲ့သူရှိတာပဲ အဟင်း
သမီးအတွက် မြန်မာဝတ်စုံလေးကို အပန်းရောင်နုနုလေးသုံးကာ ချုပ်ပေးထားသည်။သွားခါနီးနေပြီမို့ အင်္ကျီဝတ်မယ်ဆိုတော့ အဲ့ကလေးမကပတ်ပြေးသည်။မိန်းကလေးမို့လိုသာတော်တော့တယ်။စပ်စလူးကိုခါလို့။ပြောရတာမော၍ လေသံမာမာဖြင့်နာမည်ခေါ်လိုက်တော့ ငြိမ်ကျသွားသည်။အလိုလိုက်လို့ကိုမရဘူး။လေသံမာမျက်နှာကြောတင်းမှ ကြောက်တာ။"ကိုကိုတို့ မပြီးသေးဘူးလား"
မောင်က စောင့်ရတာကြာလို့ ထင်သည်။သမီးအခန်းထဲ ဝင်လာကာ မေးသည်။
"ဘယ်ပြီးမလဲ မင်း သမီးလေ ပတ်ပြေးနေတာ"
"ဆိုးနေတာ ဆိုးနေတာ"
မောင်ကခါးထောက်ကာ သမီးနဲ့သူ့ကိုသာကြည့်နေသည်။ခဏနေတော့သမီးကို အင်္ကျီလဲပြီးသွားသည်။ဖြူလုံးလေးမို့အင်္ကျီလေးနဲ့ လိုက်ဖက်ကာချစ်စရာကောင်းနေသည်။ရွှေပြည်နန်းဘူးထဲကသနပ်ခါးလေးနဲ့ပါးကွက်ပါးပါးလေး လိမ်းပေးလိုက်တော့ ပိုပြီးချစ်စရာကောင်းသွား၏။သူက ပြီးပြီး လို့ပြောတာနဲ့ မောင့်ရှေ့ကို သမီးကပြေးသွားလိမ့်မည်။ထို့နောက်သူ့ကိုယ်သူတစ်ပတ်ပတ်ပြကာမေးလိမ့်မည်။
"ဖေကြီး ဒီမယ် ဒီမယ် ပိုးပိုး လှလား "
"အောင်မလေးဗျာ လှပါ့ လှပါ့"
"မောင် ပြီးပြီသွားကြတော့မလား"
"ဟုတ် ကိုကို "
သူထလိုက်တော့ ပုဆိုးကပြေနေပြီ။မောင်ကအလိုက်သိစွာ သူ့နားလာ၍ ခါးကိုဖက်ကာ ပုဆိုးပြင်ပေးသည်။မောင့်ထံမှ ခပ်ဟဟ ရယ်သံတိုးတိုးလေးကြားလိုက်ရပြီးနောက်
YOU ARE READING
နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]
Romanceအရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက ကျွန်တော်သာ.. အရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက ကျွန်တော်သာ.. Start...