93

12.1K 1.9K 89
                                    

Unicode


လော့လင်းရှန်း နိုးလာသည့်အခါမှာတော့ သူ့နံဘေးရှိ အကြီးလေးနှင့် အသေးလေးမှာ အိပ်ပျော်နေဆဲပင်။

ရှီယွင်နန်က သူ့အား ကျောခိုင်းအိပ်နေပြီး ရွှေငါးလေးက ရှီယွင်နန်လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုရင်း အိပ်ပျော်နေသည်။

"အမ်......"

ရွှေငါးလေး ပုံမှန်ထနေကျအချိန်မို့ ဖြစ်ကောင်းဖြစ်နိုင်၏။ သူဟာ ကယောင်ကမ်း မြည်ပြီးနောက် မျက်လုံးလေးကို ပွတ်သပ်ရင်း နိုးလာတော့သည်။

"ဂွတ်မောနင်း ရှုရှု"

သူက သမ်းနေပြီး၊ သူ့ပုံစံလေးမှာ အိပ်ရေးမဝသေးတာကြောင့် အိပ်ငိုက်နေသေးပုံပင်။

"ထပ်အိပ်ချင်သေးလား?" လော့လင်းရှန်းက သူ့လင်ချောင်းလေးဖြင့် သူ့တူလေးရဲ့ ရှုပ်ပွနေသောဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။

"ဒီနေ့ စောစောထစရာမလိုဘူး။ အိပ်လို့ရတယ်"

ထိုစကားကိုကြားသည့်အခါ၊ ရွှေငါးလေးက ချက်ချင်းပင် သူ့စောင်လေးအား ခေါက်လိုက်ပြီး သူ့ဗိုက်ပေါ် ပြန်တင်ထားလိုက်သည်။

သူက ဆက်မအိပ်တော့ဘဲ ရှီယွင်နန်ကိုပဲ စူးစူးစိုက်စိုက်ကြည့်ရင်း တဖြည်းဖြည်းအိပ်ချင်စိတ်​ပြေသွားလေသည်။ "ရှောင်ရှုရှုကို ဘယ်တော့ နှိုးမှာလဲ?"

လော့လင်းရှန်းက ရှီယွင်နန်ရဲ့ နားရွက်လေးကို အသာအယာ ဖုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သူကြာကြာအိပ်ပါစေ"

"အိုး"

ရွှေငါးလေးမှာ ချက်ချင်းပင် စကားမပြောတော့ဘဲ ရှီယွင်နန် အနားလေးကိုသာ ထပ်တိုးကပ်နေလိုက်၏။

တူဝရီးနှစ်ယောက် တိတ်တိတ်လေး စောင့်ဆိုင်းနေပေးပြီးနောက်မှာတော့ ရှီယွင်နန် နိုးလာတော့လေသည်။

သူ အိပ်ချင်မူးတူးညည်းတွားလိုက်ပြီး နောက်သို့လှည့်လိုက်သည့်အခါမှာတော့ တရင်းတနှီးရှိသည့် ရင်ခွင်ထဲ ကျရောက်လို့သွားသည်။ "... ဘယ်အချိန်ရှိပြီလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now