Part - 27

22.6K 927 186
                                    

Unicode

"အန်ကယ်ရေ ! အဟေးး"

ရယ်မြူးကာခေါ်လာတဲ့အသံကြောင့်
လှည့်ကြည့်လိုက်တဲ့ ထင်လင်းသိုက်အဖို့
မြင်လိုက်ရတဲ့မြင်ကွင်းက မျက်လုံးပင်ပြူးသွားရသည်။

"မီးငယ် ဘယ်လိုဖြစ်ပြီး  "

ဆံပင်တွေက ဆံထုံးသေးသေးလေးတွေအဖြစ် ခေါင်းမှာထိုးထိုးထောင်ထောင်ရှိနေတဲ့ မီးငယ်ကိုဂုတ်ကနေဆွဲမှခဲ့ပြီး ခပ်မှန်မှန်လှမ်းလာတဲ့ထိုလူ။ မီးငယ်လက်ထဲ လာဗင်ဒါပန်းတွေတပွေ့တပိုက်ပါလာကာ လည်ပင်းမှာ ရှုံအိတ်ခပ်သေးသေးကို ကြိုးရှည်ရှည်နဲ့ဆွဲထားသည်။

"ဒီမှာ ဒါလေးကခင်ဗျားဟာလေးလား။ရော့ ယူ"

အဝတ်စလေးတစ်စလို စွေ့ခနဲပစ်လိုက်တာမို့
ထူပူကာမီးငယ်ကိုခပ်မြန်မြန်ပွေ့ချီလိုက်ရ၏။

"မင်းဘယ်လိုလုပ်လိုက်တာလဲ"

"အဲ့တာခင်ဗျားကိုမေးရမှာ။ ဒါလေးက
ဘာလဲ ခင်ဗျားမိန်းမလား၊သမီးလား။အုပ်ထိန်းသူဆိုလည်း ကိုယ့်ဟာကိုယ်ကြည့်ထိမ်းထား။သူများနေရာအထိ ကျူးကျူးကျော်ကျော်ရောက်လာပြီး သူများလင်မယားကို
ခိုးချောင်းတာ ကောင်းတဲ့အမူအကျင့် မဟုတ်ဘူး"

"မီးငယ် သူပြောတာဟုတ်လား"

"ရေချယ်က ခိုးချောင်းတာမဟုတ်ပါဘူး။
ကြုံလို့နားထောင်လိုက်တာ"

" အေး ပြီးတော့ ခင်ဗျားဟာလေးက ကျုပ်ဆံပင်ကိုထိဖို့လုပ်သေးတယ်။ ကြည့်ထိမ်းထား ခန္ဓာကိုယ်ပဲ မြန်မာပြည်ပြန်ပြီး အသက်ကဒီမှာထားခဲ့ရမယ်"

တစ်ဖက်လူရဲ့ခြိမ်းခြောက်စကားကြောင့်
သူ့မျက်ခုံးတွေတွန့်ချိုးသွားသည့်တိုင် သူ့ပေါ်က မီးငယ်ကတော့ပြုံးစိစိဖြစ်နေသည်။
နေပါအုံး ခုနကမီးငယ်ဆံပင်တွေက အခုလိုမဟုတ်ပါဘူး။အခုက ဘယ်လိုကြည့်ကြည့် အရူးလေးနဲ့တူနေရှာပြီ။

"အန်ကယ်   အန်ကယ်…သိလား။ အဲ့ကိုကိုကညာတယ်။ေ-သနတ်အတုကြီးကိုင်ပြီး
ရေချယ့်ကိုပစ်မလို့တဲ့။ပြီးတော့ ပြောသေးတယ်။ သူကတဲ့ ဂိုဏ်းခေါင်းဆောင်တဲ့ ။
အန်ကယ်စဉ်းစားကြည့် ဒီလိုရုပ်ကလေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလဲနော်"

HUSBAND:DaddyWhere stories live. Discover now