(၆)ဒီတစ်ခါလဲလွဲပြန်ပြီဟ

17 1 0
                                    

" အနန္တ-သိဒ္ဓိရှင်စနစ်

➡ မှော်နန်း

(၅) ဒီတစ်ခါလဲ လွဲပြန်ပြီဟ.....

အနန္တကမ္ဘာသည် စာပေကဏ္ဍမဖွံ့ထွားသည်တော့မဟုတ်။ သူ့ဓလေ့ ၊သူ့ဟန်၊ သူ့သဏ္ဍာန်နှင့် ယဥ်ကျေးမှုအနုပညာ သန္ဓေသားမှာ ဗီဇပြောင်းမျိုးစိတ်ကဲ့သို့ တူသယောင်နှင့် ကွဲနေခြင်းသာ။

" ဝတ္ထုဆိုတာ အကြောင်းခြင်းရာတွေကိုပြန်ရေးတဲ့ မှတ်တမ်းသဘောဆိုပါတော့၊ ဒဏ္ဍာရီပုံပြင်တော့ သိတယ်မဟုတ်လား ဦးကြီးသုမန၊ ကျနော် ရေးမိတဲ့ ဝတ္ထုဆိုတာကလည်း ပုံပြင်ဆန်ဆန် စိတ်ကူးယဥ် မှတ်တမ်းဆိုပါတော့ ဗျာ "

ဝတ္ထုဟူသည့် ဝေါဟာရဆန်းကို နားမလည်သူ ကမ္ဘာခြားက ဘူတာဝါဟနပညာရှင် သုမန နားလည်အောင်မှော်သိင်္ခ ရှင်းခန်းထုတ်ရ၏။

" သြော် ဆိုစမ်းပါဦးကွဲ့ ၊ မောင်ရင်သိင်္ခက ဘာတွေရေးခဲ့မိတာတုန်း ၊ နောင်တော်သောမန နဲ့ကရောဘယ်လိုတွေသတုန်း "

သူတမာန်တော်မဟုတ်လျှင်ပင် အသက်တစ်ချောင်းမို့ ကယ်ကောင်းပါသည်ဆိုသူ သုမန၏ အမေးကို လျှို့ဝှက်မျက်ကွယ်မပြုလိုပေ။ ထို့ကြောင့် ရှည်ကြာစွာ တွေးတောမနေတော့ဘဲ သူ၏အကြောင်း ဇာတ်ဟောင်းလှန်ကာ မှော်သိင်္ခ ဖွင့်ဟ တော့သည်။

မှော်သိင်္ခပြောပြသည်များကို ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်နေသူ သုမန သည် အတော်ပင်အံဩ နေ၏။

မှော်သိင်္ခသည် (၂၀၂၈) ခုနှစ် ၊ဇန်နဝါရီလထဲတွင် အနန္တကမ္ဘာသို့ကူးပြောင်း လာသော အချိန်ခရီးသွားတစ်ဦးဖြစ်သည်။ သူကူးပြောင်းလာသည်မှာ သူ့အား သုမန၏နောင်တော်ကြီး သောမန မှ တြိလောကအတုလရတနာလက်စွပ်လေးကို ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ဘယ်အရေးကြောင့် ပေးသည်ကိုတော့မသိ။ သူ့ဝတ္ထု လေးအောင်မြင်ရေးအတွက် ပဥ္စလက်လမ်းခွဲမှ ပန်းတိုင်ရောက်ရေးတွေးကာ လက်ခံမိခြင်းသာ။

မှော်သိင်္ခဖတ်ခဲ့ဖူးသော ဝတ္ထုများထဲကလို သေဆုံးပြီးမှ ကူးပြောင်းခြင်းမျိုးမဟုတ်ခဲ့ပေ။ သူရေးခဲ့ သော " အနန္တသိဒ္ဓိ " အမည်ရှိ ဝတ္ထုရှည်ကို အဆုံးသတ်မည်အပြု တွင် အလိုမကျသော စိတ်များပေါ်လာခဲ့သော ကြောင့် စိတ်ညစ်ညူး ပုံကစကာ ပြောပြလိုက်တော့သည်။

အနန္တသိဒ္ဓိ ရှင်စနစ်Where stories live. Discover now