33

9K 667 136
                                    

unicode version

၅နှစ်ခန့်ကြာသော်...

"ညံမယ်ကြောင်းပေး "

"......"

"အိမ်ရယူတွေ ဘယ်ရောက်ကုန်ယဲ
ညံမယ်ကြောင်းပေးပါဆို "

"ဟဲ့ ဘာတွေအော်လာတာလဲ "

အိမ်ရှေ့ကတည်းက အသံပြဲနဲ့ ဘာတွေအော်လာမှန်း
မသိတဲ့ ဝမ်စောအော်ကြောင့် ဒေါ်ကျန်းမေ
အိမ်ထဲကထွက်လာရသည်။ အိမ်ရှေ့ကိုကြည့်လိုက်တော့
စောအော်က သူ့ကျောပိုးအိတ်ကို လက်တစ်ဖက်နဲ့
ဒရွတ်တိုက်ဆွဲလာပြီး အိမ်ထဲကိုဝင်လာနေသည်။

"ပွားပွားကြီး ဒယ်ရီနဲ့ပါးပါးရော "

"အခန်းထဲမှာ ရှိမှာပေါ့ နေပါဉီး
နင်ကဘာတွေအော်နေတာလဲ "

သူ့အမေးကို ပြန်မဖြေဘဲ အိမ်ပေါ်ကိုလုံးလုံးနဲ့
တက်သွားတဲ့ ဝမ်စောအော်က ဒရွတ်တိုက်ဆွဲလာတဲ့
ကျောပိုးအိတ်ကို ဆိုဖာပေါ် ဘုန်းကနဲ နေအောင်ပစ်တင်လိုက်သည်။

"မောင် သားကို ကျောင်းသွားကြိုရဉီးမယ်မလား
အိပ်မနေနဲ့ထတော့လေ "

"စောပါသေးကွာ ခုမှ၂နာရီဘဲရှိသေးတာ
ကျောင်းက ညနေ၃နာရီမှဆင်းမှာမလား "

သားကခုဆိုရင် အသက်၅နှစ်ကျော်ရှိပြီမို့ မူလတန်း
ပထမနှစ်တောင်တက် နေပြီဖြစ်သည်။ ဒါပေမဲ့
သားက ၅နှစ်ဆိုတဲ့အသက်နဲ့ မလိုက်အောင် ရင့်ကျက်ပြီး လူကြီးလေးနဲ့တူသည်။ ကျောင်းစပို့တဲ့ ပထမရက်တုန်းကဆို ကလေးတွေနဲ့ ဆူညံနေတာဘဲဆိုပြီး ကျောင်းချိန်ကြီး
လွယ်အိတ်ဆွဲကာ ဆရာမတွေမသိအောင်
ခိုးပြီး အိမ်ပြန်လာဖူးသည်။ တော်သေးတာပေါ့ ကျောင်းနဲ့အိမ်နဲ့က သိပ်မဝေးလို့
နောက်မို့ဆို တစ်ခုခုဖြစ်နေမှ ရင်ကျိုးရချည်ရဲ့။
နောက်ရက်ကျမှ ဘာမြင်ပြီးသဘောကျသွားလဲမသိ
အလိုအိမ်ပြန်လာတာမျိုးတွေ မရှိတော့ကာမှ သူတို့စိတ်အေးရသည်။

"ဒေါက်! ဒေါက်! ဒေါက်! အခန်းထဲက ဒယ်ရီနဲ့ပါးပါး
ခနရောက် ထွက်ခဲ့ကြပါအုံး "

"ဟင် သားအသံလား "

"ဟုတ်ပါ့ ဒီကောင် အစောကြီး ဘယ်လိုပြန်ရောက်နေတာလဲ"

My very bad husband  belong to meWhere stories live. Discover now