Chapter 37

6.4K 381 20
                                    

ကောင်းကင် မနက်စာနွေးပြီး သားလေးနဲ့စိမ့်ငယ်ရှိရာအခန်းကိုတတ်လာလေသည်။ဘေးမှ နို့ဘူးကိုင်ကာ လိုက်လာသည့် ဟိန်းဇက်နှင့် တစ်ဘက်က ရှိုင်းလေးပုခုံးကိုဖက်ကာ လိုက်လာသည့် အစ်ကိုမိုးထက်လည်းပါလေသည်။ဂုဏ်ပြုပန်းစည်းတွေနဲ့ သူ့တူဖို့ကစားစရာတွေကအစ အထုတ်လိုက် အထည်လိုက်မလာတာဖြစ်သည်။

ကော်ရစ်တာတစ်လျှောက် ကောင်းကင်က သူ့သားဘယ်လောက်ချောကြောင်း ဘယ်လောက်ချစ်စရာကောင်းကြောင်း အမွန်းတင်၍မကုန်နိုင်ဖြစ်နေသည်။

"စိမ့်ငယ်ကလည်းလေ ကလေးမွေးပေးပြီးပင်ပန်းနေတာတောင် ချစ်စရာကောင်းနေတုန်း သူကသားကို နာမည်တောင်ပေးပြီးပြီကွ"

"ဟုတ်လား ငါ့ယောက်ဖလေးက သူ့သားနာမည်ကို ဘာတဲ့လဲ"

"နေရောင်သွေးသစ်တဲ့"

ဟိန်းဇက်တို့အကုန်လုံးက ဝိုးကနဲ ထအော်သည်။သဘောတကျဖြစ်နေတာကြောင့်ကောင်းကင်စိတ်ထဲပြောမပြတတ်အောင် ပျော်နေတာဖြစ်သည်။စိမ့်ငယ်က သားကိုချစ်၏။သားကို နာမည်တောင်ပေးနေသေးတာလေ။

"မင်းတို့မိသားစုကိုအားကျတယ်ကွာ"

ဟိန်းဇက်ပြောသည့်စကားကြောင့် ကောင်းကင်လည်းပြန်အရွှန်းဖောက်မိသည်။

"လင်ယူလေကွာ ဟား....ဟား...."

"ဟား....ဟား...."

....

ကောင်းကင်တို့လေးယောက်သား စိမ့်ငယ်ရှိရာ အခန်းအတွင်းသို့ဝင်ရန်တံခါးဖွင့်သည်အထိ အရယ်မပြတ်ကြသေး

"တိုးတိုးနေကြ ငါ့သားလေးနဲ့ ငါ့ချစ်သူလေးလန့်......"

ခလွမ်း........

ခုတင်ပေါ်ရှိ စိမ့်ငယ်၏ ယာယီဆေးရုံအဝတ်အစားများသာရှိနေပြီး စိမ့်ငယ်သည်ရှိမနေ။ကောင်းကင်လက်ထဲက ဆန်ပြုတ်ပန်းကန်လေးနှင့် ဖန်ရေဘူးဟာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျကုန်၏။

ကောင်းကင်၏ လက်တွေသည်သိသိသာသာတုန်ယင်လာကာ ရေချိုးခန်း တံခါး အိမ်သာတံခါးတွေကိုကြမ်းတမ်းစွာလိုက်လံဖွင့်လှစ်မိသည်။သူ့ရင်ဘက်၏ အနိမ့်အမြင့်သည် အတော်လေးမြန်ဆန်နေသလို ကောင်းကင်၏ အသက်ရှူသံသည် အလွန်ကျယ်လောင်နေ၏။

I am not girl(Complete)Where stories live. Discover now