ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်

2.4K 363 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၁၄ ။ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်

"မင်းက သရုပ်ဆောင်ပိုင်း လေ့လာနေတာမဟုတ်ဘူးလား ထောင်မု? ဘယ်တုန်းကဘဏ္ဍာရေးပိုင်းသင်လိုက်တာလဲ?" သူ့ငယ်သူငယ်ချင်းဆိုသည် ကောက်ကာငင်ကာစကားဝိုင်းတစ်ခု စတင်မည့်သူမျိုး မဟုတ်သည်ကို သိသောကြောင့် လော့ယန်က ထောင်မုကို တွေဝေစွာကြည့်လိုက်သည် လောကကြီးမှာ အမှန်တကယ်ကို ဆန်းကြယ်လွန်းလှသည်ဟု သူခံစားရသည်။

ထောင်မုက တိတ်ဆိတ်နေသည်။ သေချာပေါက် အရင်ဘဝတုန်းက ဘဏ္ဍာရေးပိုင်းလေ့လာခဲ့ကြောင်း ပြောဖို့မှမဖြစ်နိုင်ပဲ။

****

တကယ်တမ်းပြောရမည်ဆို ထောင်မုသည် သူ့မတိုင်ခင်ကဘဝတွင် သရုပ်ဆောင်ခြင်းမှ ငွေကြေးဘဏ္ဍာပိုင်းကူးပြောင်းခဲ့ခြင်းအတွက် ရှန်းယွီကိုကျေးဇူးတင်ရမည်။ သူ ရှန်းမိသားစုအိမ်ကို စရောက်သည့် ထိုအချိန်တုန်းက ရှန်းယွီ ကို ရှင်းမပြနိုင်စွာ အရူးတစ်ယောက်လို သူ မုန်းတီးခဲ့သည်။ တမင်တကာ ရှန်းယွီရဲ့တက္ကသိုလ်ကို ပြောင်းခဲ့ပြီး အထူးကို စီမံခန့်ခွဲရေးမေဂျာကိုယူခဲ့သည်။ မူလအစတွင်တော့ ထိုသို့လုပ်ရသည့်အကြောင်းအရင်းက ရှန်းယွီ နှင့်ယှဉ်သည့်အခါ သူသည်လည်း နိမ့်ကျမနေကြောင်း သက်သေပြဖို့ဖြစ်သည်။

ရှန်းယွီ ယူသည့် စာပေနှင့်အနုပညာမေဂျာကိုမယူခဲ့ခြင်းက ရုန်းမိသားစုကို စိတ်ကျေနပ်စေဖို့ဖြစ်သည်။ အဆုံးတွင်တော့ ရုန်းမိသားစု စီးပွားရေးလောကထဲရှိနေသည်မှာ မျိုးဆက်အစဉ်အဆက်ဖြစ်ပြီး ထောင်မုသည် သူ ဘဏ္ဍာရေးပိုင်းလေ့လာတာက ရုန်းမိသားစုနှင့် ဘုံတူညီမှုတစ်ခုရှိလာနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ကံမကောင်းစွာနှင့် အခြားသူများ၏မျက်လုံးထဲတွင်တော့ သည်ချဉ်းကပ်မှုက သံသယဖြစ်ဖို့မလိုအောင် အရန်သင့်အကျိုးအမြတ်အတွက် ကောင်းကောင်းဖုံးကွယ်ထားသည့် သူ၏လောဘနှင့် စိတ်အားထက်သန်မှုတို့သာဖြစ်သည်။ ဒါကြောင့် ရှန်းယန်က သူ့ကိုလုံးဝလျစ်လျူရှုထားသည်။ သူ့ကို သံသယပွားအဆိုးမြင်ပြီး ထေ့ငေါ့စွာ ဆက်ဆံသည်။ သူက သူ့နေရာသူမသိဘဲ ရှန်းချန် ပိုင်သည့် ဆက်ခံသူနေရာကို ရယူဖို့ ထင်ယောင်ထင်မှားတွေဖြစ်နေသည်ဟုသာ ယုံကြည်နေသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now