Chapter 38

6.3K 386 18
                                    

12.12.2026(Sat)

"Daddy.....!"

"......"

"Daddy ကျင့်ပုတ် ကစားကွင်းသွားမှာကိုထသေးဘူး "

ဒေါက်...ဒေါက်

"Daddy ရုပ်ဆိုး"

"......"

"Hey Sky. ......wakeup "

"ဟ....ဟား....."

ကောင်းကင်အစောကြီးကတည်းကနိုးပြီးပြင်ဆင်ပြီးသားပင် ။ အပြင်ထွက်လာဖို့ လုပ်နေတုန်း တံခါးခေါက်သံကြားလိုက်ရတာကြောင့် ကောင်းကင် မထူးဘဲ သားအား စချင်လို့ ငြိမ်နေတာဖြစ်သည်။အစောကြီးထပြီး အိပ်မှုန်စုတ်ဖွားလေးနဲ့ ထွက်လာမှာသေချာသလောက်ပင်ဖြစ်သည်။

ကောင်းကင် သားလက်လေးတွေနာနေမှာစိုးတာမို့တံခါးဖွင့်ပေးလိုက်သည်။

"Daddy ရုပ်ဆိုး ရယ်နဲ့"

ဘယ်သူနဲ့ဘယ်လိုတူနေမှန်းမသိတဲ့ ဒီကလေးဟာ ဆံပင်လိမ်ကောက်ကောက်နှင့်ဖြစ်သည်။ ငယ်ငယ်က ဆံပင်နည်းလို့ကောက်မှန်းမသိတာလားမသိပေမဲ့ အခု အနည်းငယ်ရှည်ပြီးအုံထူလာတဲ့အခါ လိမ်ကောက်ကောက်လေးဖြစ်ချင်နေပြီ။မျက်မှန်ကိုင်းကဖန်လိုကြည်နေတာဖြစ်ပြီး ခပ်ဝိုင်းဝိုင်းပုံ သဏ္ဌာန်လေးဟာ သားနဲ့အနည်းငယ်ကြီးနေပေမဲ့ သိပ်ချစ်ဖို့ကောင်းနေ၏။ဘဲပေါက်ညအိပ်ဝတ်စုံ အဝါလေးဟာလည်း သားနဲ့ချစ်စရာပင်။ ရယ်နေတာကြောင့် လူကို ခပ်ဆူဆူနဲ့ daddy ရုပ်ဆိုး တဲ့လေ

ဖင်လုံးလုံးလေးကို အသည်းယားစွာ ကုန်းကိုက်ပစ်ပြီးပွေ့ချီတော့ အော်ငိုပါလေရော
ကဲ ကျွန်တော်တို့ သားဖရဲ့မနက်ခင်းလေးကအစချီလာလေပြီ

"လှပြင်ထားတယ် ရုပ်ဆိုးနေတုန်း"

"ဟ....မင်းကပဲရုပ်ဆိုး"

"လူလိမ် daddy ..... daddy ရုပ်ဆိုး"

ရေချိုးခန်းထဲပွေ့ချီလာကာ ဘေစင်ပေါ်တင်ပေးပြီးသားအားမျက်နှာသစ်သွားတိုက်ပေးပြီး သူ့အခန်းထဲပြန်ကာ အဝတ်အစားတွေလဲပေးလျှက်

"ရေချိုးအုံးမယ်"

"အေးတယ် မချိုးနဲ့ ပြန်လာမှတူတူချိုးမယ် daddy နဲ့"

"အင်း "

ဝက်ဝံ Hoodie ခေါင်းစွပ် ဝမ်းဆက်ကလေးဝတ်ပေးပြီး အောက်ချပေးတော့ သူ့ရဲ့ကြက်ပေါင်ဖိနပ်လေးစီးကာ လက်ကိုလာဆွဲသည်။

I am not girl(Complete)Where stories live. Discover now