Part - 49 ( Zg + Uni)

4.9K 272 21
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 49  )

" မလုပ်ပါနဲ့ ကြည်ဖြူရယ်..... မလုပ်ပါနဲ့
မာသာ ရှိခိုးတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ် "

" ကျမ သမီးက အခုထိ ခွဲခန်းထဲကနေ
ထွက်မလာသေးဘူးနော် မာသာ... ဒါ့ကို
ကျမက ဘယ်လိုစိတ်နဲ့ ခွင့်လွှတ်ပေးရမှာလဲ...?? "

" ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်
ပါ့မယ် အစ်မကြည်ဖြူ... ကျမတို့ရဲ့
ဖြူဖြူ ကိုတော့ ထောင်မချပါနဲ့နော် "

နှစ်ယောက်စလုံး တောင်းပန်နေတာကို
ဒေါ်ကြည်ဖြူခင် လျစ်လျူရှူရင်း မျက်လုံးတွေက
သူမ သမီး ချစ်သည်းမာန်ဝင်သွားသော ခွဲခန်းကို
ကြည့်လို့။

အနားက ဦးနိုင်စေမာန် မှာလည်း သမီးဇောနဲ့
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ပြီး ခွဲခန်းရှေ့ 
တောင်လျှောက်မြောက်လျှောက် ဖြစ်နေလေသည်။

ထိုအခါ လွန်ကြိုးဖြူဖြူ ကို ထောင်ထဲကနေ
ထုတ်ပေးဖို့ ပြောနေသော မာသာနဲ့ ထွေးထွေး
မှာ အရူးတွေလို။

ကျောင်းက ဆရာမ ဖုန်းဆက်လာလို့
ကျောင်းကို ချက်ချင်း လိုက်လာရတဲ့
မာသာ နဲ့ ထွေးထွေး။

ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းဆိုသလို
မြင်လိုက်ရတဲ့ မြင်ကွင်းက ဘယ်လိုမှ
မလှ။

ဖြူလေး က မလုပ်ပါဘူးငြင်းနေတာကို
ကြည်ဖြူ က ရဲတွေနဲ့ တိုင်ထားပြီး
အခုရဲတွေက ဖြူလေးကို စခန်းကို
ခေါ်သွားကြသည်။

သူမနဲ့ ထွေးထွေး ရဲစခန်းလိုက်ပြီး လွှတ်ပေးပါ
တောင်းဆိုတော့လည်း ရဲတွေက ဖြူလေး
ကို သံသယရှိသူအနေနဲ့ ထိန်းသိမ်းထား
အုံးမည်တဲ့။ ဖြူလေး ချစ်သည်းမာန် ကို
တွန်းချလိုက်တာ မြင်တဲ့ ကောင်မလေး
တစ်ယောက်က သက်​​သေ​နေရာမှာ
ရှိနေတော့ အမှုကို လေ့လာပြီး သေချာတာနဲ့
စီရင်ချက်ချမည်တဲ့။

ဒါ ဘယ်လောက်တောင် သူမတို့ကို တုန်လှုန်
သွားစေလဲ။ ဖြူလေး က သူများကို
လက်နဲ့ မပြောနဲ့ ပါးစပ်နဲ့တောင် မလုပ်တတ်တဲ့
ကလေး။ ဒီတော့ ဖြူလေး တွန်းချတာ
ဘယ်လိုမှ မဖြစ်နိုင်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now