Chapter 43

6.9K 404 14
                                    

  စိမ့်ရှေ့ ဒူးထောက်ချလိုက်သူကြောင့် စိမ့်ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။ငါးနှစ်လုံးလုံးယုံကြည်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုကို တစ်မိနစ်အတွင်း ငြင်းပယ်ခံလိုက်ရတဲ့အခါ တင်းခံထားရတဲ့သူ့စိတ်တွေက ချက်ချင်းယိုင်နဲ့သွား၏။

ဘေးအခန်းမှ ကိုမိုးနှင့်ရှိုင်းလေးလည်းထွက်လာကြသလို ဟိန်းဇက်နဲ့ လမင်းလည်းထွက်လာကြ၏။သူတို့တွေ ခုံတန်းရှည်ပေါ်မှာပဲဝိုင်းဖွဲ့ထိုင်လိုက်ကာ ဖြစ်ပျက်ခဲ့သမျှကို ဖြေရှင်းပြကြ၏။

ကောင်းကင်က သား၁၀ ရက်သားလေးနဲ့တရားရုံးကိုတတ်ခဲ့သည်တဲ့။သက်သေသကာရမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အာကာထက်ကို အပြစ်ဒဏ်ပေးနိုင်ခဲ့သည်။ အာကာထက်ကဖေဖေ့အား မတရားကောက်ကျစ်စဥ်းလဲကာ လုပ်ကြံခဲ့တာဖြစ်သလို ကောင်းကင်နှင့် သူ့ကြားလည်း ကလော်ကလည် လုပ်သွားတာဖြစ်သည်။

သူ့ရဲ့လောဘာ တွေ အတ္တတွေကြောင့် သူတို့ကိုယ်စီ ငါးနှစ်တိုင်အောင် အသီးသီးနာကျင်ခဲ့ကြရသည်။ဘာအပြစ်မှမရှိသည့် သားလေးအပါအဝင်ပေါ့

ဘယ်လောက်တောင်လူမဆန်လိုက်သလဲ။

"ညဥ့်နက်နေပြီဆိုတော့ မင်းတို့လည်းအိပ်တော့ ဟိန်းဇက် ၊ ကောင်းကင် မင်းလည်းနားတော့ ဘုန်းမြတ်လည်း နားတော့လေ "

"ဟုတ်ကဲ့ ကိုမိုး"

သူတို့က အသီးသီး အခန်းထဲသို့ပြန်ဝင်သွားကြသည်။ကျန်ခဲ့သူတွေမှာ ကိုယ်နှင့်သူသာဖြစ်သည်။နှစ်ယောက်ကြား ဘာတွေပြောရမယ် ဆိုတာကိုစကားအစမဖော်ရဲခေ

"တောင်းပန်ပါတယ်" "တောင်းပန်ပါတယ်စိမ့်ငယ်"

ပြိုင်တူထွက်လာသည့်အသံ ။ အကြည့်ချင်းဆုံသွားတဲ့ တစ်ခဏ ။ လွမ်းဆွေးမှုတွေကြား ဝမ်းနည်းမှုတွေက ကပ်ညိကာပါလာ၏။

"စိမ့်ငယ်ကမတောင်းပန်ရပါဘူး "

"ငါ...မင်းကို မယုံကြည်ခဲ့မိဘူး အဲ့အချိန်ကသာ မင်းကိုမေးခဲ့ရင် .."

"စိမ့်ငယ် ဘာတွေပဲဖြစ်ပျက်ခဲ့ပါစေ အရာရာကိုယ့်အမှားပဲ အဲ့တာကြောင့် စိမ့်ငယ် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"

I am not girl(Complete)Where stories live. Discover now