Chapter 45

6.8K 369 6
                                    

ဖန်ခွက်ထဲသို့ ရေတစ်ဝက်ထည့်ကာ ထိုဖန်ခွက်အား ပင့်မြှောက်ပြီး နှုတ်ခမ်းကိုတေ့ပေးလာသည်။စိမ့်လည်းရင်တုန်နေဆဲမို့ သားတိုက်သည့်ရေကို သောက်မိသည်။ရင်ထဲထိအေးမျှသွားသည့် ဓာတ်ကြောင့် နှလုံးခုန်နှုန်းကအနည်းငယ်သက်သာလာပါသည်။

"သားရော မလန့်ဘူးလား"

"ဂျာ..."

"သားမလန့်သွားဘူးလား လို့ ဖေကသားလန့်နေမှာစိုးနေတာ"

စိမ့်ပြောသည့်စကားအားရောင်လေးနားလည်အောင်တွေးတောနေရင်း နောက်ဆုံးမှာ စိမ့်ရင်ခွင်ထဲတိုးဝင်သွားသည်။

"ဟုတ် ဖေ သားလန့်နေတာ ဖေ ဖက်ပေးထားလို့တော်ပါသေးရဲ့"

ကောင်းကင် သားကိုလက်မြှောက်အရှုံးပေးပြီးသားဖြစ်ပါသည်။ဒါ့ကြောင့် ဒီကောင့်ကို ခဏလွှတ်ထားလိုက်သည်။

"ငါအင်္ကျီတွေအကုန်လုံးကိုသဘောကျမိနေတာ မိုးရာသီ ဖက်ရှင်တွေရော ဆွယ်တာမျိုးစုံက ဆွဲဆောင်နေသလိုပဲ ငါလည်း ကြည့်ရင်းကြည့်ရင်းနဲ့ အဲ့လူကိုဝင်တိုက်မိတာ။ ပထမက ငါလည်းသူ့ကို တောင်းပန်ပါတယ်လို့သေသေချာချာပြောလိုက်ပါတယ် ဒါပေမဲ့ ကွာ အဲ့လိုကမကျေနပ်နိုင်သေးဘူး သူ့ကောင်မလေးပေါ်ကို အအေးတွေကဖိတ်ကျသွားတာဆိုတော့ ဒီလူဒေါသထွက်တာ မဆန်းပါဘူး အဲ့တာကြောင့်ထပ်တောင်းပန်တယ် ဒါပေမဲ့ ငါကိုကွာ သူ့ကောင်မလေးကိုကြည့်လိုက်တာလားဆိုပြီး ဆက်တိုက်မေးနေတာ ငါလည်းကြည့်လိုက်တယ် လေအအေးတွေဘယ်လောက်စို သွားလဲဆိုတာကိုပေါ့ ဒါပေမဲ့ ငါ့ကို နှာဘူးကောင်တမင်လုပ်တာလားဆို ပြီး တွန်းလဲပြီး ထိုးဖို့လုပ်တာပဲ.."

စိမ့်ငယ်က သက်ပြင်းလေးချကာ လက်ထဲကဖန်ခွက်အားစားပွဲပေါ်သို့ပြန်တင်လိုက်သည်။
ကရားထဲက ရေတစ်ချို့ကို ဖန်ခွက်ထဲထပ်ငဲ့ပေးသည့်သားကို သူကဖွဖွလေးနမ်းသေး၏။

"ငါသားကိုမြင်လိုက်တော့ သားတစ်ခုခုဖြစ်မှာလည်း စိုးရိမ်သွားတာ သတိလက်လွတ်ဖြစ်သွားတာ ဘယ်လောက်ကြာသွားလဲတောင်မသိဘူး မင်းကဟိုလူကို သေမတတ်ထိုးကြိတ်နေတော့တာပဲ ဒါနဲ့ ကောင်းကင် မင်းလက်ထိထားတာပဲ"

I am not girl(Complete)Where stories live. Discover now