Chapter 46

6.1K 399 11
                                    

တစ်ပတ်လောက်ကြာသည်အထိ သားကမနက်တိုင်း ခြေတွေလက်တွေယောင်ကိုင်းနေဆဲဖြစ်သည်။စိမ့်အနေနဲ့ သားကို တစ်နေကုန်ချီပိုးထားပြီး ညဘက်ဆေးလိမ်းနှိပ်နယ်ပေးနေတာတောင် ယောင်ပြီးရင်းယောင်နေတာ။သားကတော့ မနာပါဘူး မကိုက်ပါဘူးပြောပေမဲ့ စိမ့်အနေနဲ့ ကတော့ ကိုယ့်သွေးသားလေး နှာခေါင်းပိတ်နေရင်တောင် တွေးပူနေရတာမဟုတ်လား။

10.5.2027

ဒီနေ့တော့ သားညဘက်ဆို ယောင်ပြီးလမ်းထလျှောက်တတ်လေသလား ခုန်ပေါက်တတ်လေသလား သူစောင့်ကြည့်ရန် သားနဲ့အတူအိပ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

"ဟာမဖြစ်ပါဘူး စိမ့်ငယ်ရယ် မင်းကသားဆီသွားအိပ်တော့ ကိုယ်တစ်ယောက်တည်းဖြစ်နေမှာပေါ့"

"ဒါဆို သားကို ဒီကိုခေါ်သိပ်လိုက်မယ်"

"မဖြစ်ပါဘူးကွာ သားကို ငယ်ငယ်လေးကတည်းကအခန်းခွဲသိပ်လာတာ သူ့အခန်းမှာသူအိပ်ပါစေ ကိုယ့်အသည်းလေးအိပ်တော့"

"ကောင်းကင်ထက်ယံ..! သားဒီလောက်ဖြစ်နေတာတောင်မင်းက စိတ်အေးလက်အေးနေနိုင်နေတာ ပဲ"

လေသံလေးနည်းနည်းမာလာသည်မို့ ကောင်းကင် စိမ့်အနားတိုးကပ်သွား၏။

"ကိုယ်ကနေနိုင်တာမဟုတ်ပါဘူး သားကလည်း နာကျင်နေတာမျိုးမှမရှိတာ အဲ့တာကြောင့် စိမ့်ငယ်က သက်သက် အတွေးလွန်နေရုံပဲ သားကတကယ်လို နာကျင်နေ ရင် ငိုမှာပေါ့"

"မဟုတ်သေးပါဘူး"

"ဒီညတစ်ညစောင့်ကြည့်လိုက်ပါကွာ 9 နာရီထိုးနေပြီ အိပ်တော့"

စိမ့်ငယ်ကို သူမနည်းဖျောင်းဖျရင်း အိပ်စေလိုက်သည်။နာရီဝက်လောက်အကြာ စိမ့်ငယ် အိပ်မောကျသွားပြီဆိုမှ သူအခန်းထဲကထွက်လာပြီး သားအခန်းကို တံခါးခေါက်တော့ သားကအလျှင်အမြန်ပဲထွက်လေသည်။သားကသူ့လက်ကိုဆွဲကာ သွားနေကျလမ်းသို့ တည့်တည့်တ်မတ်လိုက်လာတော့သည်။

"မင်းလက်အိတ်တွေ ခြေအိတ်တွေ ဝတ်စမ်းပါကွာ"

"Daddy ကလည်းပူတယ်လေ သားလည်း ဖေ စိတ်ပူအောင်မလုပ်ချင်ပါဘူး "

I am not girl(Complete)Where stories live. Discover now