part.40(U+Z)

3.2K 152 37
                                        

Unicode

" နေကောင်းသွားပြီလား ချာတိတ် "

" အင်း...ကောင်းသွားပါပြီ "

" ရော့...ချာတိတ်အတွက် ကိုယ်ဝယ်လာတာ "

အသီးခြင်းလေးအား ကမ်းပေးလာသူကို
စွဲ သေချာကြည့်လိုက်သည် ။ Shirt အဝါ
နုနုလေးကို Style pants နှင့် တွဲကာ
၀တ်ထားပြီး သူအရင်ကမျက်စိနောက်ခဲ့သည့်
ပခုံးလောက်ရှိသည့်ဆံဖြူအရှည်လေးတွေအား
နောက်သို့အနည်းငယ်ယူစည်းထားပုံသည်
သိပ် smartကျလွန်းသည်ကအမှန် ။
ထို့နောက် စွဲသည် အသီးခြင်းလေးအား
ယူလိုက်ကာ စားပွဲပေါ်တင်လိုက်ပြီး
အစ်ကိုကေးချပေးထားသည့် ကော်ဖီခွက်လေးအား
ရှေ့သို့တိုးပေးလိုက်ကာ သုံးဆောင်ဖို့ပြောသည် ။

တကယ်တော့ သူ ညက အရေးပျက်ထားသည့်
အချိန်ကြောင့် ဒီနေ့ဝအောင်အိပ်မယ်ဆိုမှ
အစ်ကိုကေးရဲ့ ဘေဘီ့ဧည့်သည်ရောက်နေတယ်
ဆိုတဲ့စကားကြောင့် သူတွေဝေသွားခဲ့မိသည် ။
သူ့မှာ အရေးတယူထားလောက်ရတဲ့အထိ
ဧည့်သည်ဆိုတာမျိုးရှိမနေခဲ့ ။
သူငယ်ချင်းဆိုတော့လည်း သောကြာလင်းထိန်
တစ်ယောက်သာရှိသည် ။ သောကြာလင်းထိန်
ဆိုမှ ထိုကောင့်ကို သတိရမိသည် ။
ထို ၅နှစ်တာအတွင်း ထိုကောင်ဘယ်တိုင်းပြည်
ရောက်ကာ ဘယ်နေရာမှာ အချေချနေသည်
သူမသိ ။ အင်း အချိန်ရရင် သောကြာအား
သူရှာရမည် ။

" ဒါနဲ့ ချာတိတ်...တစ်ခုခုဖြစ်လို့လား "

တိတ်ဆိတ်ကာ ငြိမ်သက်သွားသည့် စွဲကြောင့်
ထိုက်စံမှာ အမူအရာမပျက်ပဲ ကော်ဖီခွက်လေးအား
ကောက်ကိုင်ကာမေးတော့ စွဲမှာ ခေါင်းကို
ခပ်မြန်မြန်ယမ်းခါလိုက်သည် ။

" မဟုတ်ပါဘူး ။ ဒီတိုင်း...ဒါနဲ့ ကိုကိုက
ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ ။
ကိစ္စရှိလို့လား "

" မဟုတ်ဘူး ။ ချာတိတ်ဆီ တမင်အလည်လာတာ ။
ဘာလဲ ကိုယ်လာတာကို ချာတိတ်က မကြိုက်လို့လား "

" အာ...အဲလိုမဟုတ်ပါဘူး ။
ကျွန်တော် ဒီတိုင်းမေးကြည့်ရုံပါ "

" ဟုတ်ပါပြီ...ကိုယ်က သတ္ထုတွင်းဘက်ကို
ခဏအလည်သွားဖို့လာရင်း
ချာတိတ်ပါ လိုက်ချင်မလားလို့ ၀င်လာခဲ့တာ ။
လိုက်ချင်လား "

🖤SWEL'🖤( စွဲ~စြဲ )  ~completed~Where stories live. Discover now