Chapter 48

6K 348 20
                                    

"စိမ့်ငယ် သားအသက် ၅ နှစ်နဲ့ဘာလို့ဒီလိုတွေလုပ်ခိုင်းနေရတာလဲဆိုရင် သားဘဝ အတွက်ပဲလေလို့ကိုယ်ဖြေရမယ် ဒီလောက မှာ အရာရာ ကိုင်တွယ်နိုင်မှ ဓားလိုထက်နေမှ အသက်ရှင်ရတာ တန်ဖိုးရှိမှာ

ကိုယ့်ကိုထိလို့ အားမတန်စွာပြန်ခုခံနေမဲ့အစာ လာထိတဲ့ကောင်ကသေရမဲ့အနေအနေအထားမျိုးပဲဖြစ်နေရမယ် ကိုယ်သားကို အဲ့လိုပျိုးထောင်ပေးနေတာပဲ Tje Unique ရဲ့ အရှိန်အဝါဆိုတာလည်းရှိသေးတယ်မဟုတ်လား"

"..."

"ကိုယ့်အသည်းရယ် ကိုယ်ကလေ သားကို အခုလောက်ထိ မမျှော်မှန်းမိခဲ့ဘူး သားကိုအားနည်းပြီးတိတ်ဆိတ်လောက်မယ်ထင်ထားတာ သားမျက်လုံးစိမ်းစိမ်းလေးတွေကိုမြင်တော့ ကိုယ်ကာကွယ်ပေးဖို့ပဲတွေးနေခဲ့တာ ဒါပေမဲ့ မင်းရဲ့သားကလေ တကယ့် Genius ပဲ ကိုယ်တောင်လုံးဝ အံ့သြမဆုံးဖြစ်ရလောက်တဲ့အထိ တော်တာ သိရဲ့လား သားက အခုမှပုံဖော်ပေးရမဲ့ သတ္တုရိုင်း မဟုတ်ဘူးစိမ့်ငယ်

ဓားတစ်လတ် ဖြစ်နေပြီးသားပဲ ကိုယ်ကအဲ့ဓားကို သွေးပေးနေတာ "

"မင်းတွေးပေးထားတာ သားရဲ့ရှေ့ရေးဆိုတော့လည်း ငါဘာမှမပြောချင်ဘူး မပြောချင်တာထက် ငါ့လိုကောင်က ဘာပြောပိုင်ခွင့်မှမရှိတာ ငါသိတယ်"

"နိုး...ကိုယ့်အသည်းရယ် ဘာလို့မင်းကပြောပိုင်ခွင့်မရှိရမှာလဲကွာ မင်းအဲ့လိုပြောတိုင်း ကိုယ်ရင်နာတယ်သိလား မင်းကို ကိုယ်သေချာမချစ်ပေးမိလို့လား မင်းကို ကိုယ်က ပျော်အောင်မထားနိုင်ဘဲစိတ်ညစ်စရာတွေပဲ ပေးမိနေလားဆိုပြီး ကိုယ်တိုင်သံသယဝင်မိတယ်

ကိုယ့်အသည်းရယ် ကိုယ့်အချစ် တွေကိုမမြင်ရလေသလား"

"ကောင်းကင်ထက်ယံ .... ငါတောင်းပန်ပါတယ် ငါ့ကိုယ်ငါလည်းသေချာမသိတော့ဘူး မင်းကငါ့ထက် အရာရာသာလွန်နေတော့ ငါ့ကိုယ်ငါ သိမ်ငယ်နေမိတယ် မင်းဘေးမှာ ရှိနေတဲ့ ငါက အခွံလွတ်သက်သက်ကြီးလို့ခံစားနေရတဲ့အထိ ပဲငါတောင်းပန်ပါတယ် ငါ့ကိုယ်ငါတောင် နားမလည်နိုင်ဘူး မင်းက ငါ့အပေါ် လိုအပ်တာထက်အများကြီး ပိုကောင်းပေးပါတယ် ငါကသာ ငါကသာ ရူးနှမ်းပြီး စိတ်ရှုပ်စရာကောင်းနေတာထင်ပါရဲ့"

I am not girl(Complete)Where stories live. Discover now