Part - 52 ( Zg + Uni)

5.1K 295 17
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 52  )

video ထဲမှာ ငိုနေသော လွန်ကြိုးဖြူဖြူ ကို
ကြည့်ကာ ဒေါ်ကြည်ဖြူခင် မျက်ရည်တွေ
မဆည်နိုင်အောင်ပေ။

သူမ ချစ်သည်း အတွက်နဲ့ စိုးရိမ်သောကရောက်
ပြီး ပြောလိုက်မိတာတွေက သူမ အတွက်
နောင်တတွေ ဖြစ်သွားစေခဲ့သည်။

ရူးသွားချင်တယ်။  ကိုယ့် ကလေးကိုယ်
အသေလေးပဲ မွေးလာသင့်တယ်ဆိုသော
သူမ ပြောလိုက်မိသော စကား။
ဒါတင်မကသေးဘူး နင့်လို စိတ်ဓာတ်
မကောင်းတဲ့ မိန်းမကို နင့် မိဘတွေ စွန့်ပစ်တာ
မပြောနဲ့ ငါသာ သူတို့ နေရာမှာဆိုရင်လည်း
စွန့်ပစ်မိမှာပဲဆိုပြီး သူမ ပြောလိုက်မိသည်။

အခုတော့ သူမ ပြောလိုက်မိတဲ့ စကားတွေက
သမီး ဖြူဖြူ မှတ်ဥာဏ်ထဲ သံမှိုတစ်ချောင်း
လို စွဲထင်သွားစေပြီ။အခု သမီး ဖြူဖြူ က
သူမ ပြောလိုက်တဲ့ စကားတွေကို
တစ်လုံးမချိန် ပြန်ပြောနေတာ မြင်ရတာ
သူမ ရင်ထဲ သိပ်ကို နာကျင်လိုက်တာ။

" မင်း သိလား အစက ငါ နားမလည်ခင်
အရွယ်ကလေ စိတ်ကူးလေး တစ်ခုရှိခဲ့ဖူးတယ်
ငါ့ မိဘတွေနဲ့ ပတ်သက်ပြီးတော့ပေါ့... "

video ထဲက လွန်ကြိုးဖြူဖြူ ကို  ကြည့်ကာ
ဒေါ်ကြည်ဖြူခင် ကျနေတဲ့ မျက်ရည်တွေကို
သုတ်မပစ်ဘဲ ဆက်ကြည့်နေခဲ့သည်။

သူမ အနားမှာ ဦးနေယံ နဲ့ ဒေါ်ဆုမြတ်ရှင် တို့ပါ
ရှိနေကြသည်။  ဘေးနားက ကုတင်ပေါ်
မှာတော့ ချစ်သည်းမာန် က ဆေးပိုက်တန်းလန်း
နဲ့ ကုတင်ပေါ်မှာ အိပ်စက်နေလေသည်။
ထိုနားမှာ ဒေါ်တင်မြိုင် က ထိုင်နေလေသည်။

" ငါလေ ငါ အရွယ်ရောက်လာရင် ငါ့ မိဘတွေ
ကို ရှာပြီး အဖေနဲ့ အမေ သမီးကို ဘာလို့
စွန့်ပစ်ခဲ့တာလဲလို့ မေးချင်​နေခဲ့တာ...
ဒါပေမဲ့ ငါ့မှာ မေးခွင့် မရှိတော့ဘူး
ငါ သိတတ်စ အရွယ်ရောက်တော့ ငါ့က
ဒွိလိင် ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်
ကြောင့် အဖြေကို ငါ သိသွားပြီ... အဖြေကို
ငါ သိသွားတဲ့ အတွက်လည်း သူတို့ကို ငါ
မရှာချင်တော့ဘူး.... "

အို.. သမီးလေး၊၊ မာမီ သမီးလေး သိပ်ကို
နာကျင်နေရှာမှာ။ 

" ဆုမြတ် ကြားလား.. .?? ငါ့ သမီး
က ငါ့ကို မုန်းနေပြီ.. .မုန်းနေပြီ
အင့်ဟင့်. ..အင့်ဟင့်. ..အင့်ဟင့် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now