Part - 53 ( Zg + Uni)

5.2K 262 9
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 53  )

"  ကျုပ်​တို့က အမွှာလေးပဲ လိုချင်တာ
အမွှာနှစ်ယောက်သာ ကျုပ်​ ဗိုက်ထဲ
ခင်​ဗျား ထည့်ပေးနိုင်​ရင် ထောပြီသာမှတ် "

" ဘတ်.. "

" ခေါင်ယံမှိုင်း မင်း စကားကို ဘယ်လိုတွေ
ပြောနေတာလဲ ​ဒေါက်​တာကို
ယဉ်ယဉ်ကျေးကျေးပြောလေ "

ကလေးကလည်း လိုချင်သေးတယ် ကလေး
ရအောင် လုပ်ပေးမယ့် ဒေါက်တာကို
ရိုသေလေးစားမှုကလည်း မရှိ။

ပြင်ဦးလွင်က ဆရာဝန် ဆိုတော့ ခေါင်ယံမှိုင်း
အကြောင်းကို သိပ်မသိသေး။ အခု
ခေါင်ယံမှိုင်း စကားကြောင့် ​ဒေါက်​တာမှာ
မျက်နှာအနည်းငယ် ပျက်ချင်သွားသည်။
ဒါတောင် ဖြူဖြူ ဝင်တားလိုက်လို့။

" တောင်းပန်ပါတယ်နော် ဒေါက်တာ...
ညီမ အမျိုးသားက စကားပြောတာ
ရိုင်းသွားရင် ညီမ တောင်းပန်ပါတယ်နော် "

" မလိုဘူး ခင်ဗျား တောင်းပန်စရာမလိုဘူး
ဒေါ်ဖြူဖြူ. .. ခင်ဗျား  ထပ်တောင်းပန်ကြည့်
အဲ့ဒီ ဆရာဝန် အသေပဲ "

" ဘာကွာ မင်းကများ ငါ့ကို "

" စိတ်လျှော့ပါ ဒေါက်တာ.. .စိတ်လျှော့ပါ
နော် ... ကျတော်တို့ သူငယ်ချင်းက
အပြောအဆို သိပ်မတတ်လို့ပါ "

" ဟုတ်ပါတယ် ဒေါက်တာရယ် "

ငြိမ်သက်နေသော သွေးသစ် နဲ့ ခြားနား
မှာ ခေါင်ယံမှိုင်း က ပြဿနာရှာလိုက်
၍ ဝင်ပါလာကြရသည်။

" အပြောမတတ်ရင် ဒီမခေါ်ခဲ့နဲ့...
တိရိစ္ဆာန်​ ရုံကို ပို့ပစ်လိုက်...အလကားကောင်..!!
ဆရာဝန်မှန်း မသိတဲ့....!! "

" ခွပ်...!!  "

စကားတောင် ပြီးဆုံးအောင် မပြောလိုက်ရ၊
ဒေါက်တာခမျာ နောက်ပြန်လဲကြီးနဲ့
ထိုင်ခုံပေါ် လဲကျသွားတော့သည်။

ထိုအခါ ထွက်ပေါ်လာသော အသံလေးက
ခေါင်ယံမှိုင်း ကို အတော်တုန်လှုပ်သွား
စေသည်။

" ခေါင်ယံမှိုင်း....!!  "

"  ဒေါ်ဖြူဖြူ... "

ဝိုင်းစက်နေသော မျက်လုံးကို လွန်ကြိုးဖြူဖြူ
အတင်းပြူးထားသဖြင့် ခေါင်ယံမှိုင်းမှာ
ထိုးတုန်းက မကြောက်ရဘဲ
ထိုးပြီးမှ ရှိန်းတိန်းတိန်းဖြစ်သွားရသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now