Part - 54 ( Zg + Uni)

4.6K 272 17
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 54  )

အသံတွေ တုန်ကာ မေးလာသော သူ့ ပုံစံ
လေးက ဖြူဖြူ ဆီက အဖြေကို အတော်သိ
ချင်နေပုံပါ။

ရီဝေစွာနဲ့ သူ့ကို ဖြူဖြူ စိုက်ကြည့်ရင်း
ပြုံးပြလိုက်ကာ...

"   မောင့်ကို ဖြူဖြူ သိပ်ချစ်တယ် "

" အား... !!!! "
" ငါ့ရဲ့ ဒေါ်ဖြူဖြူက ငါ့ကို မောင်လို့ ခေါ်တယ်ကွ "

ထအော်လိုက်သော သူ့ အသံကြောင့်
ဖြူဖြူ လန့်သွားတုန်းရှိသေး ဖြူဖြူ
ကိုယ်လေးကို သူ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်
တာကြောင့် ရင်ခုန်သံတွေက မြန်ဆန်သွား
ရသည်။

" ခေါ်ပါအုံး ဒေါ်ဖြူဖြူ...မောင့်ကို မောင်လို့
ထပ်ခေါ်ပေးပါအုံး...မောင် ထပ်ကြားချင်
သေးလို့...နောက်ပြီး ချစ်တယ်ဆိုတဲ့
စကားလေးကိုရော "

လူက သူ့ ရင်ခွင်ထဲ တည့်တည့်ကြီး ရောက်နေပြီး
အခုလည်း ဖြူဖြူ ကို ညှို့ငင်ဓာတ်တွေနဲ့
စိုက်ကြည့်ကာ သူ အလိုကျ ခေါ်ဖို့ တောင်းဆို
နေတော့ ဖြူဖြူ မှာ ငြင်းဆန်နိုင်စွမ်း ပို၍
မရှိတော့ပါ။

" မောင်... မောင့်ကို ဖြူဖြူ သိပ်ချစ်တယ် "

" အား... သိပ်ကို နားဝင်ချိုတာပဲ
မောင်ရဲ့ ဒေါ်ဖြူဖြူ အသံလေးက "

" ရွှတ် "

" ထပ်ခေါ်ပါအုံး မောင့် ဒေါ်ဖြူဖြူလေး
ချစ်တယ်လို့လည်း ပြောပေးပါအုံး "

" ချစ်တယ် မောင်.. မောင့်ကို ဖြူဖြူ
သိပ်ချစ်တယ် "

" ရွှတ်.. "

" ထပ်ခေါ်ပေးပါအုံး မောင့် ဒေါ်ဖြူဖြူလေး..
မောင့်​ကို ချစ်တယ်လို့လည်း ပြောပေးပါအုံး "

" တော်ပြီလေ... ဖြူဖြူ ခေါ်တာများနေပြီ "

" လုပ်ပါ မောင့် ဒေါ်ဖြူဖြူလေးရာ...
မောင့် အသည်းအသက်လေး၊ မောင့်
ချစ်တုံးလေး ၊ မောင့်  ချစ်ဆုံးလေး၊
မောင့် ကျောက်ကပ်လေး "

" နော်.. နော်လို့ မောင်လို့ ထပ်ခေါ်ပေးပါအုံး..!!
မောင် ချစ်ရတဲ့ ဒေါ်ဖြူဖြူလေး "

ဖြူဖြူ ပါးလေး နှစ်ဖက်ကို အသာလေးပွတ်ကာ
တောင်းဆိုနေသဖြင့် လူက ထပ်မငြင်းရက်တော့
ပါ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now