36

6.3K 565 78
                                    

unicode version

အိမ်ရဲ့ ဧည့်ခန်းအတွင်း လူ၃ယောက် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကတစ်ဖက် ဉီးလေးချောင်ကတစ်ဖက် ။ ကြီးမေကတော့ သားကိုထိန်းရင်း နည်းနည်းခပ်လှမ်းလှမ်းကနေ ထိုင်ကြည့်နေပြီး သားကတော့ သူတို့ဆီလာပြီး စပ်စုချင်လို့ စူပုတ်နေသည်။

"ဉီးလေးချောင် ကျွန်တော့်ကို ဘာလို့လာရှာတာလဲဗျ "

ဉီးလေးချောင်ဆိုတာ ရှောင်းအိမ်ရဲ့ မိသားစုရှေ့နေ
ဖြစ်ပြီး ရှောင်းမိသားစုနဲ့ ပတ်သတ်တဲ့ တရားရေးရာ
ကိစ္စအားလုံး တာဝန်ယူပေးသူဖြစ်သည်။
ရှောင်းဖွားဖွားကြီးဆုံးကတည်းက မတွေ့ဖြစ်တော့တဲ့
ဉီးလေးချောင်က ဆယ်စုနှစ်တစ်ခုလောက်ကြာမှ
သူ့ကိုဘာကိစ္စလာရှာရတာပါလိမ့်။ ဧကန သူ့မိဘတွေနဲ့များ
သက်ဆိုင်နေမလား။

"အင်း...ပြောရရင်တော့ အရှည်ကြီးဘဲကွယ် "

ဉီးလေးချောင်က သက်ပြင်းချရင်း စကားဆက်သည်။

"သားရဲ့ ပါးနဲ့မားကိစ္စပေါ့ "

"ဗျာ ပါး...ပါးနဲ့မားဘာဖြစ်လို့လဲဟင် ဉီးလေးချောင် "

ထိတ်ထိတ်ပြာပြာဖြစ်သွားတော့ မောင်ကသူ့လက်ကို
ဖွဖွလေးဆုတ်ကိုင်ပေးပြီး အဆင်ပြေသွားမှာပါ
ဆိုတဲ့ အကြည့်တွေနဲ့ကြည့်လာသည်။ ရှောင်းကျန့်ရဲ့
တစ်စက်စက်တုန်ချင်နေတဲ့ လက်လေး မောင့်လက်ဖဝါး နွေးနွေးကြောင့် အနည်းငယ်လေး ပြန်တည်ငြိမ်သွားတယ်။

ဉီးလေးချောင်က အိတ်ထဲကနေ ပစ္စည်းတစ်ခုထုတ်ပြီး
သူ့ရှေ့ကိုတိုးပေးလာတယ်။ ရှောင်းကျန့်ယူကြည့်လိုက်တော့
ရှောင်းအိမ်တော် တံဆိတ်ပါတဲ့ စာအိတ်လေးတစ်အိတ်။

ရှောင်းမျိုးရိုးဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြတာဖြစ်ပြီး
ရှောင်းအိမ်တော်ဟာ သူ့ရဲ့မွေးရပ်ဇာတ်ဖြစ်တဲ့
ချုံချင်မြို့တွင် ခမ်းခမ်းနားနားတည်ရှိသည်။ ရှောင်းကျန့်
ငယ်ငယ်ကတည်းက ရှောင်းအိမ်တော်ထဲမှာ ကြီးပြင်းခဲ့ရတာ
ဖြစ်ပြီး သူ့အသက်၁၀နှစ်အရွယ်မှာ ရှောင်းဘိုးဘိုးကြီး
လူကြီးရောဂါနဲ့ဆုံးပါးသွားခဲ့သည်။ ရှောင်းဘိုးဘိုးကြီး
ဆုံးကတည်းက ရှောင်းအိမ်တော်ကို ရှောင်းဖွားဖွားကြီးက
ထိန်းသိမ်းခဲ့တာဖြစ်သည်။ ရှောင်းဖွားဖွားကြီးဟာ
မာနကြီးပေမဲ့ တစ်ဉီးတည်းသော မြေးဖြစ်တဲ့ ရှောင်းကျန့်ကို
သိပ်ချစ်သည်။

My very bad husband  belong to meWhere stories live. Discover now