Part - 35

20.6K 934 63
                                    

Unicode

မနေ့ကမှမောင်းထုတ်ထားပေမဲ့ ယွန်းမီကလည်း မျက်နှာပြောင်စွာဖြင့် နောက်နေ့မနက် ထပ်ရောက်လာပြန်သည်။မီးဖိုခန်းကို သူ့အပိုင်သဘောထားကာ ချက်ပြုတ်နေသူကြောင့်
မင်းသန့်မျက်နှာကြီး ပုတ်သိုးနေပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဂုဏ်နဂါးနဲ့မီးငယ်က တစ်ခုခုကိုတီးတိုးပြောကာ ပြုံးစိစိဖြစ်နေပေသည်။

"အချစ် … ဘာတွေပြောနေကျတာလဲ မောင့်ကိုလည်းပြောပြလေကွာ"

"ဟီး အန်ကယ်သန့်က အချစ်တဲ့ အဟိ မောင်တဲ့"

"ဘာလို့လဲ မီးငယ်သဘောကျလို့လား"

"ဟိုက်"

"မီးငယ်သဘောကျရင် အန်ကယ်တို့ အခုလိုပဲခေါ်တော့မယ်။နော် အချစ်"

"တော်စမ်းပါကွာ။ကလေးရှေ့ ပရမ်းပတာနဲ့။
ဒီကလေးလေးကလည်း အရူးပြောသမျှ
ဟိုက်နေ"

မီးငယ်နဖူးကို ခပ်သာသာလေး တွန်းကာ ပြောလိုက်ပေမဲ့ ဒါဟာ အမြင်ကတ်လို့မဟုတ်ပေ။အရုပ်လေးပိုက်ကာထိုင်နေတဲ့ ချစ်စဖွယ်ကလေးကို စမြူယုံသာ…

"လုပ်စမ်းပါ ပြောကျပါအုံး။ခုနက တိုးတိုး တိုးတိုးနဲ့ ဘာတွေတိုင်ပင်နေကျတာလဲ"

"အန်ကယ်နဂါး ပြောပြလိုက်အုံးလေ"

တံတောင်နဲ့တွန်းကာ မျက်စတပစ်ပစ်နဲ့ မီးငယ်ကြောင့် ဂုဏ်နဂါးအဖို့ မပြောချင်လည်း
ပြောရတော့မှာကိုသိလိုက်သည်။

မင်းသန့်ဆိုတဲ့သူတောင်းစားရဲ့ ပြုံးစိစိမျက်နှာကြီးကို လျစ်လှူရှူလိုက်ရင်း နား နားကိုတိုးကပ်၍…

"မနက်စာ အပြင်မှာထွက်စားဖို့ပြောနေတာ"

"ဒီမှာကဘာဖြစ်လို့လဲ"

"ယွန်းမီချက်တာ မင်းစားချင်လို့လား။တော်ကြာအဆိပ်တွေခတ်ထားမှ အကုန်လုံးဂန့်နေမယ်"

"အဆိပ်တော့မခတ်လောက်ပါဘူး။ မသကာ လည်ဖြတ်ဆေးလောက်ပေါ့"

"မင်းဘိုးအေက ပိုဆိုးတယ်ကွာ"

ကိုယ်ချင်းအနည်းငယ်ကွာလိုက်သည်နှင့်
မင်းသန့်က မီးဖိုခန်းထဲတစ်ချက်လှမ်းကြည့်သည်။ ထို့နောက် လက်ပိုက်၍
မေးကိုပွတ်ကာ တစ်ခုခုကိုစဉ်းစားနေသည်။

HUSBAND:DaddyWhere stories live. Discover now