646 - 650

164 11 0
                                    


Chapter 646 လင်းတျန်တို့ အရှုံးပေးခြင်း

“မင်းက ပထမလား”

ဒိုင်လူကြီးဖြစ်တဲ့ စိတ်ဝိဉာဉ်ပညာရှင်က အဆင့် ၃၅ စိတ်ဝိဉာဉ်ဘုရင်အဆင့်မျှသာ ဖြစ်ပြီး ဒီပါရမီရှင်တွေက သူ ပြစ်မှားလို့ မရတဲ့ သူတွေမှန်း သိပါတယ်။

ယန်ချီက ဒီစကားတွေကို ပြောလိုက်ပေမယ့်လည်း သူက ဒေါသ မထွက်ရဲပါဘူး။ ပြီးတော့ ယန်ချီက ကျုံနန်ကျောင်းကမှန်း သူ သိတယ်လေ။

“ဘာများ မှားနေလို့လဲ”

ယန်ချီက သူ့အရှေ့မှာရှိတဲ့ စိတ်ဝိဉာဉ်ပညာရှင် ဒိုင်လူကြီးကို မေးလိုက်တယ်။

“ဒါပေမယ့် စည်းမျဉ်းအရဆိုရင် .. . .”

ဒိုင်လူကြီးဖြစ်သူ စိတ်ဝိဉာဉ်ပညာရှင်ရဲ့ စကားမဆုံးခင်မှာပဲ ယန်ချီက နောက်တကြိမ် ဖြတ်ပြောလိုက်ပြန်တယ်။

“တတိယအဖွဲ့က ပြိုင်ပွဲဝင်တွေကို မေးကြည့်လေ။ သူတို့တွေ ငါနဲ့ တိုက်ခိုက်ရဲလားလို့။ သူတို့တွေ မတိုက်ခိုက်ရဲရင် ငါက ပထမပဲ မဟုတ်ဘူးလား”

ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ပျင်းရိတဲ့ အမူအယာအပြည့်နဲ့ ပါ။

ဒိုင်လူကြီးဖြစ်တဲ့ စိတ်ဝိဉာဉ်ပညာရှင်လည်း ဒီလို မြင်ကွင်းမျိုး အရင်က မမြင်ဖူးတာကြောင့် စက္ကန့်အနည်းငယ်လောက် အံ့အားသင့်နေခဲ့ပြီးမှာ သတိပြန်ဝင်လာခဲ့တယ်။

ဒါပေမယ့် သူက လီရွှမ်းရဲ့ အရှုံးပေးလိုက်ကြောင်းကို တွေးလိုက်မိပြီး ယန်ချီက အလွန်တရာကို အစွမ်းထက်တဲ့ သူမှန်း ခံစားမိလိုက်တယ်။

သူက ဒိုင်လုပ်ဖို့အတွက်သာ တာဝန်ရှိပြီး ဒီပါရမီရှင်တွေ အကြောင်းကို သေချာမသိပါဘူး။

“ကောင်းပြီလေ ဒါဆိုရင် မေးကြည့်လိုက်မယ်”

ဒိုင်လူကြီးဖြစ်တဲ့ စိတ်ဝိဉာဉ်ပညာရှင်က ခေါင်းညိတ်လိုက်တယ်။

ချက်ချင်းပင် သူက တတိယအဖွဲ့က ပြိုင်ပွဲဝင်တွေ ထိုင်နေရာဆီကို ကြည့်ပြီး ပြောလိုက်တယ်။

“ကျုံနန်ကျောင်းက တပည့်ဖြစ်တဲ့ ယန်ချီက ပြောတယ်။ သူ့ကို တိုက်ခိုက်ရဲတဲ့ သူ မရှိဘူးဆိုရင် သူက တတိယအဖွဲ့မှာ ပထမ တဲ့”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now