Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)

8.9K 1.4K 119
                                    

Unicode

ရှီယွင်နန် ကျောင်းသို့ရောက်သည့်အခါ ခါတိုင်းထက် မိဘများ ကျောင်းတံခါးဝနားတွင် တော်တော် များများ စုဝေးနေကြသည်။ မနက်ဖြန်ဟာ အမျိုးသားနေ့ဖြစ်တာကြောင့် အကြီးတန်းကျောင်းသားများလည်း အားလပ်ရက်ရရှိကြလေသည်။

ကျောင်းခေါင်းလောင်းသံဟာ အချိန်မှန်မှန်မြည်လာ၏။

ရှီယွင်နန် လူအုပ်ကြီး၏ အစွန်အဖျားနားတွင် ရပ်လိုက်ပြီး ခြံတံခါးအဝေးကနေ ကြည့်နေလိုက်သည်။ တစ်တန်းကလေးအုပ်စုလည်း သူတို့ ဆရာမများနှင့်အတူ ထွက်လာလေပြီ။

ကျောင်းကနေ ထွက်သည့်အခါ လုပ်ရသည့် လုပ်ထုံးလုပ်နည်းအရ တစ်ယောက်ချင်းစီက သူတို့၏ ကျောင်းသားကတ်အား စက်ပေါ် ပွတ်ဆွဲနေကြသည်။

မိဘများလည်း သူတို့သားသမီးအသီးသီးနဲ့ထွက်သွားရာ လုစုအနည်းငယ်ကျဲသွား၏။

လုစုကျဲတာနှင့် ရှီယွင်နန် ရှေ့သို့လှမ်းသွားလိုက်သည့်အခါ ရွှေငါးလေးကို ချက်ချင်းရှာတွေ့သွားလေသည်။

ရွှေငါးလေးက ခါတိုင်းလိုပင် တံခါးနားတွင် စောင့်ဆိုင်းနေ၏။ သို့သော် ယနေ့တွင် သူ့ဘေးနားမှာ သူနှင့်ရွယ်တူ ချစ်စရာကောင်းသည့် ကလေးမလေးပါ ရှိနေသည်။

ကလေးမကလေးက သူ့အား တောက်ပသည့် ဘလင်းဘလင်း မျက်လုံးများနှင့် စကားပြောနေသော်လည်း ရွှေငါးလေး၏ ချစ်ဖို့ကောင်းပြီး ချွဲတတ်သည့် ပုံစံလေးအား သူမိသားစုဝင်များမှလွဲ ဘယ်မှာမှ မတွေ့ရ။ သူဟာ အရမ်းကို မိမိုက်နေပြီး အဖတ်မလုပ်သည့်ပုံစံဖြစ်နေသော်လည်း သူ၏ ပါးဖောင်းဖောင်းလေးကြောင့် တမူးထူးကာ ချစ်ဖို့ကောင်းနေသည်။

အခု ရွှေငါးလေးပုံစံမှာ လော့လင်းရှန်းအသေးစားလေးနှင့် တူလွန်းတာကြောင့် ရှီယွင်နန်တစ်ယောက် ဓာတ်ပုံ ခိုးမရိုက်လိုက်ဘဲ မနေနိုင်တော့။

—ကလစ်

မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှေငါးလေးက သူ့ကို ရှာတွေ့သွားလေသည်။

သူ့တူလေးက အပြုံးလေးဖြင့် တည်ငြိမ်ချင်ယောင်ဆောင်လျက် ပြေးလာသည်။ "ရှောင်ရှုရှု ဒီနေ့ဘာလို့ သားကို လာကြိုတာလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now