Unicode
ညအမှောင်သည် ပြေးလမ်းတစ်လျှောက်
တိတ်ဆိတ်နေလျက် ။ လက်မောင်းတစ်ဖက်
စီးကျနေသည့် သွေးတွေသည်လည်း
လမ်းတစ်လျှောက် တစ်စက်စက် ။
သူ့နောက်တွင် ရိပ်ခြေမပျက် လိုက်နေသူများအား
သူလမ်းစဖြောက်ဖို့ ကြိုးစားကာ သစ်ပင်ကြီးတစ်ပင်နောက်
သူပြေးဝင်သွားသည် ။ သူ့မျက်စိတစ်စုံးမြင်နေရသည့်
အပင်ကြီးရဲ့ အရှေ့ဘက်စူးစူးက ကားလမ်းမ ။
ပင့်သက်ရှိုက်ကာ လေပူတစ်ချက်အား
သူမှုတ်ထုတ်လိုက်သည် ။ မောဟိုက်လာသည့်
စိတ်အဆုံသည် သူ့အသိအာရုံတွေအား
ထွေပြားလာသည်ထိ ဖြစ်ကာ အသက်အား
မနည်းဝအောင် ရှူနေရ၏ ။
" ငါ ငါ လွတ်မှဖြစ်မှာ..."
နွေဦးကိုကိုသည် သူတစ်ယောက်သာ
ကြားနိုင်သည့် လေသံဖြော့ဖြော့ဖြင့်ဆိုကာ
သစ်ပင်ကြီးအား ကျောမှီချလိုက်သည် ။
ပြီးနောက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ
ထိုပတ်ဝန်ကျင်အား မျက်လုံးကစားသည် ။
တိတ်ဆိတ်ကာ ငြိမ်သက်နေပြီး အမှောင်ကျသည့်
နေရာမို့ ထိုညအား သူဘယ်လို ဖြတ်သန်းရမည်မသိ ။
လက်မောင်းတစ်ဖက်က သေနတ်ဒဏ်ရာကလည်း
သိပ်မများသော်ငြား သွေးကအဆက်မပြတ်ထွက်နေတာမို့
သူကြောင့်ကြနေမိ၏ ။ ထိုအချိန် သူ့မျက်ဝန်းထဲ လက်ခနဲ
၀င်လာသည့် မီးအလင်းရောင်တစ်ခု ။
နွေဦးကိုကို ခန္တာကိုယ် မတ်ခနဲ ဖြစ်လာသည် ။
" ကားလားမသိဘူး "
အပြောနှင့်အတူ ထိုနေရာမှ သူခြေလှမ်းစခွာကာ
တာပေါ်သို့ရောက်ရန် စိတ်က လောလာသည် ။
သူ့နောက် လိုက်နေသည့် လူတွေသည်လည်း
မည်သည့်နေရာမှာ မျက်ခြေပျက် ကျန်ခဲ့သည်
သူမသိ ။ ဒါဟာ သူ့အတွက်အခွင့်အရေးကောင်း
တစ်ခုပင် ။
တကယ်တော့ ခုလို ပြေးလွှားနေရခြင်းရဲ့
အဓိက အကြောင်းရင်းမှာ သူလူတစ်ယောက်အား
လက်လွန်ကာ သတ်လာမိခဲ့ခြင်းကြောင့်ပင် ။
ဦးလေးဖြစ်သူ ဦးနှိုင်းထက် လက်မှလွတ်ရန် အလုအယက်ဖြစ်ခဲ့ကြရင်းမှ လက်တွေ
လွန်သွားခဲ့ခြင်း ။
သူတကယ်ကိုပင် ကြောက်လန့်မိသည် ။
ခု သူသင်ခန်းစာလည်း ကောင်းကောင်းရခဲ့ပြီ ။
ဘယ်လောက်ပဲ သွေချင်းတော်စပ်တော်စပ်
ဥစ္စာအာဏာနဲ့ ပတ်သက်ရင် မည်သူကိုမျှ
မယုံရကြောင်း သူကောင်းကောင်း သိခဲ့ပြီ ။
YOU ARE READING
🖤SWEL'🖤( စွဲ~စြဲ ) ~completed~
Romanceမောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေကို မောင့်အသက်နဲ့ လဲလိုက်ချင်သလား အချစ်🖤 7.10.2022🖤 17.3.2023🖤
