RVTIACF chapter-38

1.5K 219 4
                                    

CHAPTER-(38)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

စားသောက်ဆိုင်ရောက်သည့်အချိန်မှာ သူတို့ကိုမန်နေဂျာက ကြိုဆိုပြီးဦးဆောင်ခေါ်သွားလေသည်။ သူတို့ဘေးဘက်က အခြားညစာစားခန်းဝင်ပေါက်မှာတော့ ချမ်းသာတဲ့မိသားစုကဖြစ်ပုံပေါ်တဲ့ လူငယ်လေးက သူတို့နှစ်ဦးကိုဖြတ်ခနဲကြည့်မိသွားပြီး ဖုန်းထဲကိုတီးတိုး ပြောလိုက်သည်။

"ဟ..Sh*t..ငါဘယ့်သူ့ကို မြင်လိုက်တယ်ထင်လဲ? မင်း အရင်ဇနီးလောင်းကွ! ကိုယ့်ဘာသာကြည့်လိုက်!"

တိုက်တိုက်ဆိုင်ဆိုင် လူငယ်လေးကယိချန်နဲ့ ဗီဒီယိုကောလ်ပြောနေတာမို့ ယိချန်သူ့ဘာသာကြည့်နိုင်အောင် ကင်မရာကိုလှည့်လိုက်သည်။ အဲ့အချိန်မှာ တခြားထမင်းစားခန်းကိုမဝင်ခင် ရှောင်းဟန်နဲ့စကားပြောရင်း တောက်ပစွာပြုံးနေတဲ့ ချူရှောင်းကို ယိချန်မျက်မြင်တွေ့လိုက်ရသည်။

ယိချန်မျက်နှာပေါ်က သတိပေးလိုတဲ့အပြုံးက ချက်ချင်းပျောက်သွားကာ

"what the fu*k? မင်းဘာလို့ ငါ့ကိုလာပြနေတာလဲ? ဘာပဲဖြစ်ဖြစ် မင်းတို့ကောင်တွေကို ငါမသွားဘူးလို့ ပြောပြီးသားလေ။ ငါခုတစ်လော အလုပ်ရှုပ်နေလို့ကိုယ့်ဘာသာ သွားစား"

လူငယ်လေးမျက်လုံးက မယုံကြည်နိုင်မှူနဲ့ ပြူးကျယ်သွားသည်။

"ဘာ? မင်းအခု ကောင်းကောင်းအလုပ်လုပ် မနေတာ သေချာပါတယ်။ ဟုတ်တယ်မလား? စကားမစပ် အရက်သောက်တဲ့ညက မင်းပဲချူရှောင်းကို ဖုန်းခေါ်ဖို့ကြိုးစားနေတာမလား? အင်း...အခု သူကဒီမှာလေ....ဘာလို့ မလာတာလဲ? အိုး..ပြီးတော့ ငါကောလဟာလတွေ ကြားရသလောက်တော့ သူမကရုတ်တရက်သန်မာပြီး အမှီအခိုကင်းတဲ့အမျိုးသမီး တစ်ယောက် ဖြစ်လာတယ်တဲ့။ ဒါပေါ့ ငါတစ်ခါမှ မယုံပါဘူး။ ဒါမယ့်သူနဲ့ရှောင်းဟန် ဆက်ဆံပုံကို အမှတ်မထင်တွေ့မိသေးတယ်။ သူတို့က စီးပွားရေးလက်ရွေးစင်တွေ ကျနေရောပဲ—
ဟ? ဘာလို့ဖုန်းချသွားတာလဲ?"

ဒီလိုနဲ့ပဲလူငယ်လေးက သူ့ရဲ့စိတ်ဝင်စားမှု ပျောက်ဆုံးကာ ဖုန်းကိုအဝေးချပြီးအဖော်တွေနဲ့ ညစာဆက်စားတော့သည်။ တခြားတစ်ဖက်က ယိချန်ကတော့သူ့ရဲ့မှောင်မိုက်နေတဲ့ ဖုန်းမျက်နှာပြင်ကို ခါးခါးသီးသီး စိုက်ကြည့်နေ၏။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now