part-23

7.4K 314 18
                                    

"လုပ်ထားတဲ့အပေးယူမှာ ဒါတွေမပါဘူး ဒေါ်မာလာ"

"အို မင်းတို့လိုချင်တဲ့အနေထားရောက်ဖို့
ဘယ်လိုနည်းလမ်းပဲသုံးပါလို့ မင်းတို့လည်းရေးထားတာမဟုတ်ဘူးလေ"

"ခများ ရွက်စိမ်းကို ခေါ်ထုတ်ဖို့ ခများသမီးရော ခများပါ သွားလာ ကူးခတ်နေမှရမယ်ပေါ့"

"အင်း လုပ်သင့်လုပ်ရမှာပဲ အဲ့တာမှ အိမ်တွင်းကိစမင်းတို့သိရမှာပေါ့"

"ဟိုကအဲ့လောက်္မတုံးဘူး ဒေါ်မာလာ
ဒီအိမ်ကို ၀င်ရောက်ပြီးအပေးယူလုပ်ထားတာကအစသိရင်သိနေမှာ"

"တစ်ယောက်နဲ့တစ်ယောက္မယုံကြည်ရင် ဘာအကျိုးမှမရှိဘူး နေမာန"

"ကောင်းပြီလေ အချိန်တစ်လအတောတွင်းမှာ ခများ သူ့အကြောင်းရော ရွက်စိမ်းကိုရော ခေါ်ထုတ်နိုင်ရမယ်"

"နည်းလွန်းတယ် သုံးလအချိန်ပေး...."

"ဘာ!!!!!'

"ဟိုက ဘီလူးတစ်ကောင်လို စောင့်ရှောက်နေတာ နေမာန...
မင်းတောင် သူ့၀န်းထဲ ခြေချလို့မရခဲ့လို ငါနဲ့အပေးယူလုပ်ထားရတာပဲမဟုတ်ဘူးလား"

လက်သီးတွေတင်းကနဲစုပ်မိပြီး စိတ်ရှိတိုင်းအရဆို ထိုမိန်းမ မျက်နှာအားဆင့်ကဲထိုးပစ်ချင်သည်။အခုလိုချိန် ရွက်စိမ်းကိုခေါ်ထုတ်ဖို့က သူ့အတွက်အရေးတကြီးရှိလှသည်။
သူ့အန်ကယ်သေဆုံးမှုကို သိချင်ရသလို
နှလုံးသည်းပွတ်ဖြစ်တဲ့ ရွက်စိမ်းကို တခြားနေရာမှာသာဖွက်ထားလိုက်ရင် ခွန့်ကို သူတို့ကောင်းကောင်းကိုင်တွယ်လို့ရပြီဖြစ်သည်။

"ကောင်းပြီလေ ခများဇာတ်ခများနိုင်ဖို့အရေးကြီးတယ်"

တင်းမာမှုကနေ မတတ်သာလို သာ အပေးယူကဖြစ်မြောက်ရပေမယ့် စိတ်ထဲမှာ အလိုမကျ‌မှုတွေက ကိုယ်စီရှိနေလျက်

................

"မင်း ဇာတ်မင်းနိုင်မလား???'

"ဘာကိုလည်းး"

"မင်းကြောက်ရတဲ့ အမ က မင်းကိုစိတ်မချလို့ လာပြုစုပေးတဲ့အပေါ်မှာ မင်းဘက်က အားနာမှုတွေ နိမ့်ချမှုတွေက...""

"မရှိဘူး ကျေးဇူးတရားကြွေးကထင်ထားတာထက်ကြောက်ရကောင်းမှန်း ရှင်မရှိတဲ့အတောတွင်းမှာ သင်ယူခဲ့ပြီးပါပြီ"

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now