Part - 58 ( Zg + Uni)

3.7K 218 7
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 58  )

" ငါ ကြည့်ချင်တယ် ခေါင်ယံမှိုင်း...
မာသာ အလောင်းကို ငါ ကြည့်ချင်တယ်
နောက်ပြီး ထွေးထွေး နဲ့ ကလေးတွေ
အလောင်းကိုရော "

" မကြည့်ပါနဲ့ ဒေါ်ဖြူဖြူရယ်.. ခဏနေ
မောင်တို့ သဂြိုဟ်ရတော့မှာလေ ...."

မနေ့ညကတည်းက မာသာ၊ ထွေးထွေး နဲ့
ဂေဟာက ကလေးတွေ အလောင်းကို
ဖြူဖြူ ကို မကြည့်ခိုင်း၊ အခုလည်း
သူ့က ဖြူဖြူ ကို ထပ်မကြည့်ခိုင်းပြန်သည်။

ဒါပေမဲ့ ဖြူဖြူ ကြည့်ချင်သည်။ မာသာ
ရဲ့ မျက်နှာလေးကိုတော့ နောက်ဆုံးအနေနဲ့
ဖြူဖြူ မြင်ဖူးသွားချင်သည်။

" ငါ ကြည့်ချင်တယ် ခေါင်ယံမှိုင်း...
မနေ့ညကလည်း ငါ မကြည့်ရဘူး
ဒီနေ့ မနက် ဘုန်းကြီးတွေ တရားဟော
တာလည်း ပြီးသွားပြီ ခဏနေ ရပ်ကွက်က
လူကြီးတွေ မာသာတို့ အလောင်းကို
သယ်သွားကြတော့မယ် ဒါတောင်
မင်းတားနေရင် ငါ မာသာတို့ကို ကြည့်ရ
တော့မှာမဟုတ်ဘူး မာသာတို့က ခဏနေ
ငါ့ မျက်စိရှေ့ကနေ ပျောက်ကွယ်တော့မှာ
အဲ့ဒါ မင်း သိလား.. ဒီတော့ ငါ့ကို
မတားပါနဲ့ ငါ ကြည့်မယ် .... "

" ဟာ... ဒေါ်ဖြူဖြူ "

ပိတ်စဖြူတွေ အုပ်ထားသော အလောင်းတွေထဲက
ထိပ်ဆုံး အလောင်းကို သွားလှန်လိုက်သဖြင့်
ခေါင်ယံမှိုင်း တားတာက နောက်တောင်
ကျသွားခဲ့သည်။

" အေမ့.. .!! "

" အီးဟီး. ..အင့်ဟင့်.. အင့်ဟင့်... မာသာ.. .!!
မာသာ..!! မာသာ...! ! "

အရိုးစုတစ်ခုအနေနဲ့ တွေ့  လိုက်ရသော
လူတစ်ကိုယ်စာလေးမှာ လက်က အရိုးတွေ
မှာ အနီရောင် လက်စွပ်လေး တစ်ခုကသာ
အသက်ဝင်စွာ တောက်ပနေ၏ ။
အရိုးစုလေးကလည်း အကောင်းပကတိ
အတိုင်း မရှိချင်တော့။

ကျန်တာတွေ အားလုံးက မီးလောင်ခံထား
၍ အရိုး​တောင်​ နည်းနည်းပဲ ရှိတော့သည်။

ဒါ့က ဖြူဖြူ ရဲ့ မာသာတဲ့လား။ သေတာတောင်
ကောင်းကောင်း မသေရ။ မီးလာင်ပြီး
သေရတယ်လေ။ ပြောတော့ မာသာကို
ဖြူဖြူ စောင့်ရှောက်ပေးမယ်ပြောပြီး
တကယ်တမ်းကျတော့ ဖြူဖြူ က
စောင့်ရှောက်မပေးနိုင်ခဲ့ပါ။ ဖြူဖြူ
အတော်ဆိုးတာပဲ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now