အပိုင်း ၁၅ ( U&Z )

414 17 0
                                    

[ Unicode ]


'' ကိုကြီး ဒါဘာလုပ်တာလဲ ''

စားပွဲပေါ် အထပ်လိုက်ကျရောက်လာသည့် ဓာတ်ပုံတွေ ။

ဤပုံတွေဟာ သူမပုံတွေ ။ သူမ ငိုနေတဲ့ပုံတွေ။
ဒီနေ့ အပြင်မှာ ဒယ်ဒီ့ လက်ထောက်နဲ့ ဆုံခဲ့သည် ။ ကြားလိုက်ရသည်က ကိုကြီးက သူမ ခံစားနရေတာတွေကို နောက်ကနေ လူလွှတ် ဓာတ်ပုံရိုက်ခိုင်းပြီး အဲ့ပုံတွေကို ဒယ်ဒီ့ ဆီသွားပေးသည်တဲ့ ။

ဘယ်လောက်များရင်နာဖို့ ကောင်းလိုက်သနည်း ။

'' အဲ့တော့ ဘာဖြစ်လဲ ငါ့မိဘတွေခံစားရသလို မင်းအဖေကိုလည်း ခံစားရစေချင်တယ် ။
ဒါတောင် ပါးပါးလေးပဲရှိပါသေးတယ် ။ ကကြိုး! '' 

'' ကလဲ့စားချေတာပေါ့ ။ အဲ့ကလဲ့စားကကကြိုး ဒယ်ဒီ ခံစားရမှ ကျေမှာပေါ့ ဟုတ်လားကိုကြီး ''

'' မင်းသေမှ ကျေမှာ ။ မင်းမိဘတွေသေမှကျေမှာ  '' 

'' ကကြိုး သေပေးပြီးရင်ရတယ်မလား ''

'' အခုမသေနဲ့ ''

'' သိပါတယ် ။ ကကြိုး မေးတာက ကကြိုးသေပေးရင် ရတယ်မလား ။ ကကြိုးသေရင် ကကြိုး မိဘတွေကို အလွတ်ပေးမှာလား ''

'' ဟက်! စောင့်ကြည့်ရတာပေါ့ ။ ငါက မင်းအချစ်ကို အသုံးချချင်သေးတာ ကကြိုးရဲ့။ မင်းငါ့ကို အရူးတစ်ပိုင်း ဖြစ်နေတာကို မင်းအဖေကို မြင်စေချင်တာ ။ မင်းပုံစံကို မင်းအဖေကို မြင်စေချင်တာ ။ မင်းတို့ တစ်မိသားစုလုံး စိတ်ဆင်းရဲတာကို မြင်ချင်တာကွာ ရှင်းလား ''

ကကြိုး မျက်ရည်တွေကို သုတ်ရင်း ခေါင်းညိမ့်လိုက်သည် ။

'' ကိုကြီး သဘောအတိုင်းပါ ''

ကကြိုး လှည့်ထွက်ခဲ့သည် ။

တောင်းပန်ပါတယ် ။ ဒယ်ဒီနဲ့မာမီ ။
ကကြိုးကြောင့် ဒယ်ဒီရော မာမီရော စိတ်ဆင်းရဲရပြီ ။

တောင်းပန်ပါတယ် ။
တောင်းပန်ပါတယ် ။
တောင်းပန်ပါတယ် ။
တောင်းပန်ပါတယ် ။
တောင်းပန်ပါတယ် ။

အကြိမ်ကြိမ် ရေရွတ်နေမိသည် ။
ရေချိုးခန်းထဲမှာလည်း ထိုစကားလုံးတွေကို ရွတ်ဆိုနေမိသည် ။

ကကြိုး { Complete }Where stories live. Discover now